
ဂါထာပေါင်းချုပ်
စာရေးသူ - အရှင်ဇနကာဘိဝံသ
အကျဉ်းချုပ်
ဤဂါထာပေါင်းချုပ်စာအုပ်ကလေးကိုသက္ကရာဇ်တစ်ထောင့်သုံးရာပြည့်တုန်းက သထုံ-မော်လမြိုင် ခေမာရာမစာသင်တိုက်တို့၏ ဆရာကြီးဒေါ်ခေမာဝတီနှင့်မိခင်ဒေါ်သိန်းရွှေ တို့၏ဓမ္မဒါနအဖြစ် ဖြင့်အုပ်ရေတစ်ထောင်ဖြန့်ဖြူးခဲ့ပါသည်၊ ဆရာကြီးဒေါ်ခေမာဝတီသည် မိမိ ၁၅-နှစ် ကျောင်းသားဘဝဝယ် ထိုဆရာ၂၅နှစ် အရွယ်လောက်တုန်းက စစ်ကိုင်းချောင်၌ “ စာတော်သောကျောင်းသားကလေး” ဟူသော အမှတ်ဖြင့် တစ်ခဏမျ စကားပြောလိုက်ဖူး၏။ထိုနောက် မိမိ၏ စာမေးပွဲများ ပြီးစီးသောအခါ ဗဟန်းစာချ ဆရာဒေါ်ဂုဏဝတီ,ဒေါ်ဉာဏဝတီတို့သထုံ၌တရားအားထုတ်စဉ်မိမိအကြောင်းကို ကြားရပြန်သဖြင့် ပစ္စည်းလေးပါး ဖိတ်ကာ မကြာမကြာ လှူဒါန်းလေ့ရှိ၏၊ နောက်ဆုံး ရောဂါတစ်ခုကြောင့် ရန်ကုန် ဆေးရုံကြီး၌ ဆေးရုံတက်ခါနီး အချိန်မှာ မိမိအထံသို့ငွေပို့ရန် မှာထားသွား၏၊ ထိုငွေများသည် ကွယ်လွန်ပြီးမှရောက် လာ၏၊ ထို့နောက် မကြာမီ မိခင်ကြီးလည်းကွယ်လွန်၍မိမိအထံသို့ အလှူငွေများ ရောက်လာပြန်၏၊ထိုငွေများဖြင့် စာအုပ်ဓမ္မဒါနဖြန့်ခဲ့ပါသည်။ယခုတစ်ဖန်ဟောင်းနွမ်းလှသောထိုစာအုပ်ကလေးကိုအရေးယူသောချပ်သင်းချောင်ဆရာကြီးကစာအုပ်အဟောင်းမှတချို့ဂါထာများကိုုနုတ်၍တချိုဂါထာများကိုအစားသွင်းပြီးရှေးအတိုင်းအစီအစဉ်ဖြင့်ထပ်မံရိုက်နှိပ်စေရပါသည်။
စာမျက်နှာ
66
ပုံစံ
Paperback
ထုတ်ဝေသူ
မဟာဂန္ဓာရုံကျောင်းတိုက်
ထုတ်ဝေသည့်နှစ်
2000
ထုတ်ဝေမူ
3rd Edition
စာအုပ်အရွယ်အစား
18 × 12.5 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး