
ပဏ္ဍိတဝေဒနီယဒီပနီကျမ်း
စာရေးသူ - သေက္ချတောင်ဆရာတော်အရှင်တိလောက
အကျဉ်းချုပ်
ပရိယတ္တိသာသနာတော်ကို ကောင်းစွာ ဖြည့်ကျင့် ထမ်းရွက်ကာမျှဖြင့် အားရတင်းတိမ်ခြင်း မရှိ ပဋိပတ္တိသာသနာ တစ်ဖြာထပ်ဆင့် အားထုတ်ခွင့်ကိုမျှော်ချင့် သိုက်မြိုက် နှလုံးပိုက်တော်မူလျက် ကျိုက်ထို မြို့ သေက္ချတောင် အခေါင်အရည ဝိဟာရ၌ ယာပထ လေးဖြာ မျှတကာဖြင့် ကိုယ်ခန္ဓာအသက်ကို ငဲ့ကွက် ထောက်ညှာခြင်းမရှိ ပဟိတတ္တပဓာန လွန်မင်းစွာ သော ဝီရိယဖြင့် ဓမ္မပဋိပတ် မွန်မြတ်သော တရား ထူးကို ဆည်းပူးဖြည့်ကျင့်၍ သင့်တင့်စွာ သီတင်းသုံး နေတော်မူသည်တွင် ယောဂီတပည့် ရဟန်းတို့မှစ၍ များလှစွာသော တပည့်ဒါယကာ ဒါယိကာမ အပေါင်း တို့သည် ကောင်းစွာဝပ်တွား လျှောက်ထားဖန်ဖန် တောင်းပန်အပ်သည်ဖြစ်၍ ခန္ဓာ၊ အာယတန ဓမ္မအစု ဓာတုရုပ်နာမ် ဝေဖန်ခွဲခြား တရားဆီနှစ် ထုတ်ယူညှစ် လျက် စိစစ်ဟောကြားတော်မူပြီးလျှင် ၎င်းအတိဒုလ္လဘ ဓမ္မနှစ်ဆီ သင်းကြည်ချိုအေး အမြိုက်ဆေးကို တိုက် ကျွေးဟောပြပုံတိုင်း ချင့်နှိုင်းစာနာ နောင်လာအများ သူတော်ကောင်းအမျိုးသားတို့၏ အကျိုးကို မျှော်ကိုး ရည်သန်လျက် ပဏ္ဍိတဝေဒနီယဒီပနီဟူသောကျမ်းကို မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။
စာမျက်နှာ
389
ပုံစံ
Paperback
ထုတ်ဝေသူ
SEIKKU CHO CHO
ထုတ်ဝေသည့်နှစ်
2015
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
26.5 × 19.5 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး