
ဗုဒ္ဓဂယာက ပဟေဠိနှင့် မြန်မာစာရေးရာစာများ
စာရေးသူ - စောလူ
အကျဉ်းချုပ်
ဤစာအုပ်တွင် ပုဂံခေတ်မှသည် မျက်မှောက်ခေတ် ကာလအထိ မြန်မာစာပေအကြောင်း စာရေးသူ တို့ထိရေးသားထားသည့် ဆောင်းပါးအချို့ကို စုစည်း ဖော်ပြထားသည်။ ပုဂံခေတ် ဗုဒ္ဓဂယာ မဟာဗောဓိကျောက်စာ၊ ပင်းယခေတ် သီဟသူမင်းနှင့် အဆက်အနွယ် တို့၏ ကျောက်စာများ၊ အင်းဝခေတ် ရှင်မဟာသီလဝသံ၏စာများအပြင် မျက်မှောက်ခေတ် ကဗျာရွတ်ဆိုမှု၊ အလင်္ကာဆန်းစစ်မှု၊ သတင်းစာခေါင်းကြီး ရေးသားမှုအကြောင်းစာများ ဖတ်နိုင်သည်။ ဆောင်းပါးအများတွင် ဗဟုသုတဖြန့်ဝေရေးထက် စဉ်းစားဆင်ခြင်ရေးကို ဦးစားပေးထား သည်။ “ဗုဒ္ဓဂယာက ပဟေဠိ” ဆောင်းပါးတွင် ဗုဒ္ဓဂယာက မြန်မာကျောက်စာတစ်ချပ်ပါ အရေးအသားနှင့် စပ်လျဉ်း၍ ပြည်တွင်းပြည်ပပညာရှင် အဆက်ဆက် ကောက်ယူခဲ့ပုံတို့ကို ဖော်ပြထားသည်။ “စာထဲပေထဲက သီဟသူ”တွင် ပုဂံအပျက် ပင်းယမင်းဆက်ထူထောင်သူ သီဟသူမင်းနှင့်စပ်ဆိုင်သည့်အရေးအသားများကို ဖော်ပြကာ မြန်မာ့သမိုင်းတွင် သီဟသူကို အဘယ်ကြောင့် မေ့မေ့လျော့လျော့ ဖြစ်နေရသည်ကို စဉ်းစားဆင်ခြင်ရန် အစဖော်ပေးထား သည်။ “သံတူကပ် အာနိသင်”၊ “အဓိပ္ပာယ်ပြောင်းပြန် စကားတွဲ” ဆောင်းပါးတို့တွင် ဆရာ ဇော်ဂျီ ဆရာမင်းသုဝဏ်တို့ ဖောက်ခဲ့သော စာပေလေ့လာရေးလမ်းကြောင်းကို ဆက် လျှောက်ဖို့ နှိုးဆော်ထားသည်။
စာမျက်နှာ
239
ပုံစံ
Paperback
ထုတ်ဝေသူ
Myanmar Heritage
ထုတ်ဝေသည့်နှစ်
2023
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
24 × 17.2 cm
ISBN
978-9-998-65131-9
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
မြန်မာစာပေ
အမျိုးအစားခွဲများ
သုတ