
ပန်းတွေနဲ့ဝေ
စာရေးသူ - မောင်ဝဏ္ဏ
အကျဉ်းချုပ်
မောင်ဝဏ္ဏသည် ဤသို့သော တက္ကသိုလ်နယ်မြေတွင် ဤသို့ သောဇာတ်လမ်းများကို ပွဲကြည့်ပရိသတ်အဖြစ်နှင့်လည်း မြင်ခဲ့ဖူး ဟန်တူ ၏။ သို့တည်းမဟုတ် သူကိုယ်တိုင်လည်း ဝေဒနာတေးကို ကံ့ကော်ပင် အောက်မှာ ကျူးရင့်ခဲ့ခြင်း ရှိကောင်းရှိလိမ့်မည်။ သို့တည်းမဟုတ် သူကိုယ်တိုင်ပင်လျှင် မြေခလျက်ရှိသော စိန်ပန်းပွင့်ပေါ်သို့ မျက်ရည် ပေါက်များ ကျကောင်းကျခဲ့ဖူးလိမ့်မည်။ ဤသို့သော အတွေ့အကြုံများဖြင့် “ပန်းေတွေနဲ့ဝေ”ဇာတ်လမ်း ကို နှစ်ရှည်လများ အတွေးစိတ်ကူးမှသည် ဝတ္ထုအဖြစ်လည်းကောင်း၊ ပိတ်ကားပေါ်မှ ဇာတ်လမ်းအဖြစ်လည်းကောင်း သူ၏အနုပညာစွမ်း အားဖြင့် ပြီးပြည့်စုံအောင် ဖန်တီးလိုက်ပါသည်။ သူ့ဝတ္ထုသည်လည်းကောင်း၊ သူ၏ဇာတ်ကားသည်လည်း ကောင်း မေတ္တာဇာတ်လမ်းအဖွဲ့ဖြစ်ပါသည်။ အကယ်၍ ပြည်သူ့ဘဝ သရုပ်ဖော်ဆိုသော ဆိုင်းဘုတ်အောက်က အချို့သူများ အတင်းကြွေး ကြော်လေ့ရှိသည့် စာပေမျိုးကိုသာ ဖတ်လိုပါက ဤဝတ္ထုကို ဖတ်ရန် မလိုပါ။ အကြောင်းမှာ ဤဝတ္ထုသည် လူပေါ်စက နောက်ဆုံး ကမ္ဘာ စစ်ကြီးပျက်သုဉ်းသည်အထိ စာပေတွင် မရိုးနိုင်သော အချစ်ဇာတ် လမ်းသက်သက်ဖြစ်သောကြောင့်ပင်။ မောင်ကိုယု
စာမျက်နှာ
254
ပုံစံ
Paperback
ထုတ်ဝေသူ
စိတ်ကူးချိုချို
ထုတ်ဝေသည့်နှစ်
2020
ထုတ်ဝေမူ
6th Edition
စာအုပ်အရွယ်အစား
19 × 13 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဝတ္ထု
အမျိုးအစားခွဲများ
ဝတ္ထု