
၂၀ ရာစုနှစ် ကမ္ဘာ့ ဂန္ထဝင် ဝတ္ထုတိုများ
စာရေးသူ - မြသန်းတင့်
အကျဉ်းချုပ်
ယခု ရွေးချယ်ပြန်ဆိုသော ဝတ္ထုတိုများတွင် အမျိုးအစား သုံးမျိုးပါ ပထမအမျိုးအစားမှာ လူရွှန်း၊ ဂေါ်ကီ၊ နမ်ဟာ၊ ဂါစီယာ စသူတို့ ၏ တော်လှန်ရေး ဘဝသရုပ်ဖော်များဖြစ်ကြသည်။ ၎င်းတို့၏ ဝတ္ထုများ သည် တော်လှန်ရေး၏အကြောင်းကို ဖွဲ့ကြသည်။ စာဖတ်သူတို့အား တော်လှန်သော သူရဲကောင်းဝါဒ၊ တော်လှန်သောအားမာန်၊ တော်လှန် သော ကိုယ်ကျိုးစွန့်လွှတ်မှုတို့ ရအောင် လှုံ့ဆော်ပေးသည်။ ဒုတိယအမျိုးအစားမှာ အယ်ဘာကို မော်ရားဗီးယား၊ ဟိုင်းရစ်ဘိုးလ်၊ ယန်းပေါလ်ဆာ့တ် စသူတို့၏ ဝတ္ထုတိုများဖြစ်သည်။ ၎င်းတို့၏ စာများ သည် ဓနရှင် လူနေမှုစနစ်ကို သရုပ်ဖော်ကြသည်။ နေရှင် လူနေမှုစနစ် အောက်တွင် စိတ်ဓာတ်ပျက်ပြားနေသော ပညာတတ်၊ လမ်းစပျောက်နေ သော လူငယ်၊ အဖိနှိပ်ခံနေရသော လယ်သမား စသူတို့၏သရုပ်ကို ရေးပြ သည်။ ၎င်းတို့၏စာပေများသည် နေရှင် ဝေဖန်ရေး သရုပ်ဖော်စာပေ များဖြစ်သည်။ တတိယအမျိုးအစားမှာ ဂျိမ်း ဂျွိုက်စ်၊ ရောဘတ်ဆန်၊ ဘို့ဂျား၊ စထရပ် စသူတို့၏ ဝတ္ထုတိုများဖြစ်သည်။ ၎င်းတို့၏ ဝတ္ထုတိုများသည် စိတ္တဗေဒဝတ္ထုများဖြစ်သည်ဟု ဆိုသင့်သည်။ လူ၏အတွင်းစိတ်၊ ကရုဏာ စိတ်နှင့် ဒေါသစိတ်၊ လောဘစိတ်နှင့် မုဒိတာစိတ် စသည့် ဆန့်ကျင်ဘက် စိတ်အခြေအနေများကို ဖော်ပြကြသည်။
စာမျက်နှာ
423
ပုံစံ
Paperback
ထုတ်ဝေသူ
စိတ်ကူးချိုချို
ထုတ်ဝေသည့်နှစ်
2024
ထုတ်ဝေမူ
4th Edition
စာအုပ်အရွယ်အစား
21 × 14.6 cm
ISBN
978-9-997-13464-6
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဝတ္ထု
အမျိုးအစားခွဲများ
ဝတ္ထုတိုများ