
စာပေလောက
စာရေးသူ - ဆရာဇော်ဂျီ၊ မင်းသုဝဏ်
အကျဉ်းချုပ်
“စာပေလောက” စာအုပ်သည် ၁၉၄၇ ခုနှစ်က ဟံသာဝတီသတင်းစာကြီး၌ အပတ်စဉ် တစ်လှည့်စီ ထည့်သွင်းဖော်ပြခဲ့သော စာပေဆောင်းပါးများကို စုစည်းထုတ်ဝေသော စာအုပ်ဖြစ်သည်။
ဆရာဇော်ဂျီ၏ စာပေဆောင်းပါး ၁၀ ပုဒ်နှင့် ဆရာမင်းသုဝဏ်၏ စာပေဆောင်းပါး ၁၁ ပုဒ် ပါရှိသည်။
“စာပေလောက” စာအုပ်ပါ စာပေဆောင်းပါးများသည် လေးစားမှတ်သားထိုက်သော စာဆိုကြီးများနှင့် မြန်မာကဗျာ၊ စကားပြေ၊ ဝတ္ထု၊ ကျမ်းစာများကို စာဖတ်သူတို့ ချစ်ခင်နှစ်သက်မြတ်နိုးလာအောင် ရသမြောက် မိတ်ဖွဲ့ပေးထားသော ဆောင်းပါးကောင်းများ ဖြစ်ကြသည်။
ပုဂံ၊ မြင်စိုင်း၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်၊ ကိုလိုနီခေတ်တို့မှ မြန်မာစာပေသမိုင်း မှတ်တိုင်များကို ဖတ်ရှုလေ့လာနိုင်သည်။
စာမျက်နှာ
166
ပုံစံ
Paperback
ထုတ်ဝေသူ
စိတ်ကူးချိုချို
ထုတ်ဝေသည့်နှစ်
2022
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
21 × 13.5 cm
ISBN
978-9-997-11549-2
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
literature
အမျိုးအစားခွဲများ
မြန်မာစာပေ