
လူတွေ့စစ်ဆေးခြင်း
စာရေးသူ - လယ်တွင်းသားစောချစ်
အကျဉ်းချုပ်
ဝန်ထမ်းရွေးချယ်ခြင်း၊ အလုပ်ခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ ထူးချွန် သူ ရွေးချယ်ခြင်းစသည်တို့တွင် ယှဉ်ပြိုင်ရွေးချယ်ရာ၌ လူတွေ့စစ်ဆေး ခြင်း ဖြေဆိုရသည်များရှိသည်။ အင်္ဂလိပ်ဘာသာဖြင့် Interview အင်တာဗျူး ဟုခေါ်ပါသည်။ (Personal Interview) လူတွေ့စစ်ဆေးခြင်း ဆိုသည့်အတိုင်း လူ၏အသွင်အပြင် ဥပဓိရုပ်ကိုပါ ကြည့်မြင်လေ့လာ၍ မေးခွန်းများကို ဖြေဆိုစေပြီး စစ်ဆေးအမှတ်ပေးခြင်း ဖြစ်သည်။ သွင်ပြင်ပြင်လက္ခဏာ လူတွေ့စစ်ဆေးခြင်းတွင် သွင်ပြင်လက္ခဏာ တင့်တယ် ပြေပြစ်မှုရှိမရှိ အကဲဖြတ်သူများက ကိုယ်တွေ့မျက်မြင် ကြည့်ရှုစစ်ဆေး အဖြတ်မှာလည်း အရေးကြီးသော အချက်တစ်ချက် ဖြစ်သည်။ သူ၏ သွင်ပြင်လက္ခဏာကို ကြည့်ရာတွင် စစ်ဆေးသော အခန်းထဲသို့ ဝင်ရောက်လာပုံကစပြီး ကြည့်သည်။ပျာယီးပျာယာ ဝင်လာသလား။ တည်တည်ငြိမ်ငြိမ် လျှောက်လှမ်းလာသလား။ လေးလေးထိုင်းထိုင်း ဖြစ်နေသလား။ မျက်နှာအမူအရာ ကျီးကန်းတောင်းမှောက် ယောက်ယက် ခတ်နေသလား။ ညှိုးညှိုးနွမ်းနွမ်း ဖြစ်နေသလား။ ကြည်ကြည်လင်လင် ရှိသလား။ ကြောက်ကြောက်လန့်လန့် ဖြစ်နေသလား။ ရဲတင်းလွန်း နေသလား စသည့် အသွင်အပြင်များကို ကြည့်ရှု အကဲခတ်ကြပါသည်။
စာမျက်နှာ
143
ပုံစံ
Paperback
ထုတ်ဝေသူ
ပန်းမြိုင်လယ်စာပေ
ထုတ်ဝေသည့်နှစ်
2012
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
18 × 12 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဝတ္ထု
အမျိုးအစားခွဲများ
သုတ