
ကျွန်တော် မြင်းသမား
စာရေးသူ - လူထုဦးလှ
အကျဉ်းချုပ်
စာအုပ်များ ကတော့ ရာသက်ပန် ပေါင်းသင်းသွားရမယ့် မိတ်ဆွေတွေ ဖြစ်ပါ တယ်။ အခါမလပ် ကြည့်နိုင်တယ်။ ဘယ်သူမှ လောကကြီးရဲ့ အကြောင်းမျိုးစုံတွေကို ကိုယ်တွေ့ အတွေ့ အကြုံသဘောမျိုးနဲ့ မသိ နိုင်ဘူး။ ဒီတော့ တခြားသူများရဲ့ အတွေ့အကြုံမျိုးစုံ သိနိုင်ဖို့ အဲဒီလို အကြောင်းအရာတွေကို ရေးထားတဲ့ စာအုပ်တွေကို ဖတ်ကြ ရမှာပဲ။ စာအုပ်တွေဟာ ပုဂ္ဂိုလ်အမျိုးမျိုးရဲ့ စိတ်နေသဘောထားနဲ့ အတွေ့အကြုံတွေကို သိနိုင်တဲ့ တံခါးပေါက်ကြီးပဲ။ ကျွန်တော်မြင်းသမားမှာ ဦးလေးဦးမောင်ကလေးရဲ့ ကိုယ့်ကို ကိုယ် ဝေဖန်ရေးသဘောများ တွေ့ကြပါလိမ့်မယ်။ နောက်ပြီး ဒီစာအုပ်မှာပါတဲ့ အချက်အလက်တွေဟာ ပုဂ္ဂိုလ်တစ်ဦးရဲ့ အတွေ့ အကြုံတွေသာမကပါဘူး၊ မြင်းပွဲဆိုတာ မြန်မာပြည်သူ လူတန်းစားအစုံပါဝင်တဲ့ ပွဲကြီးလမ်းကြီးဖြစ်လို့ ပြည်သူအများရဲ့ ခံစားရမှုတွေနဲ့ ဆက်စပ်နေတဲ့ အချက်အလက်တွေလည်း အများကြီးပါတာ တွေ့ကြ ပါလိမ့်မယ်။ ပြည်သူတွေကြုံတွေ့ရမှုဆိုတာ သမိုင်းပါပဲ။ ဒါ့ကြောင့် ဒီစာအုပ်မှာ လူမှုရေးသမိုင်းတန်ဖိုးရှိတဲ့ အချက်အလက်တော်တော် များများ တွေ့လိမ့်မယ်လို့လည်း ပြောလိုပါတယ်။ လူထုဦးလှ
စာမျက်နှာ
430
ပုံစံ
Paperback
ထုတ်ဝေသူ
လူထုကြီးပွားရေးပုံနှိပ်တိုက်
ထုတ်ဝေသည့်နှစ်
2022
ထုတ်ဝေမူ
3rd Edition
စာအုပ်အရွယ်အစား
18.2 × 12.2 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
သုတ
အမျိုးအစားခွဲများ
သုတ