
မြန်မာဝါကျဖွဲ့ထုံးကျမ်း
စာရေးသူ - ဦးဖေမောင်တင်
အကျဉ်းချုပ်
ဤကျမ်းသည် အလွန်ကြီးမားသွား မည်ဖြစ်၍ ငါးသိုင်းများ များ ဟင်းဟုံ ဆိုဘိသကဲ့သို့ အရေးကြီးသော ဝါကျဖွဲ့နည်းတို့ကို စေ့စေ့စပ်စပ် မှတ်သား ဂရုမပြုနိုင်ဘဲ ရှိကြမည်ကို စိုးရိမ်ဘွယ်ရှိ၏။ ထိုကြောင့် ဤကျမ်း၌ မည်သည့်အချက်ကိုချန်ထား ခဲ့သည်။ မည်သည့်စကားလုံးကား ကျန်ရစ်ခဲ့ပြီဟူ၍ အပြစ်တင်မစော သင့်ပေ။ ထိုပြင်လည်း ဝါကျ၏အင်္ဂါဖြစ်သော နာမ်၊ နာမဝိသေသန၊ ကြိယာ၊ ကြိယာဝိသေသန အစရှိသည်တို့ကို အကျယ်တဝင့် ဖော်ပြ ရန်မှာ ဝါကျ ဖွဲ့ထုံးကျမ်း ပြုသူ၏ တာဝန်မဟုတ်။ သဒ္ဒါကျမ်းပြုသူ၏ တာဝန် ဖြစ်၏။ အများအားဖြင့်ဆိုသော် ဝါကျဖွဲ့နည်းသည် သဒ္ဒါ ကျမ်း နောက်ပိုင်းတွင် ပါဝင်စမြဲ ဖြစ်သော အခန်းတခု ဖြစ်၏။ မြန်မာသဒ္ဒါကျမ်းကြီး တစောင်သာ ထင်ထင်ရှားရှား ရှိပါမူ – ဝါကျ အင်္ဂါ အကြောင်းများကို ဤဝါကျဖွဲ့ထုံး ကျမ်း၌ ဤမျှလောက် ဖော် ပြရန် လိုတော့မည် မဟုတ်ပေ။
စာမျက်နှာ
176
ပုံစံ
Paperback
ထုတ်ဝေသူ
စိတ်ကူးချိုချို
ထုတ်ဝေသည့်နှစ်
2024
ထုတ်ဝေမူ
4th Edition
စာအုပ်အရွယ်အစား
21 × 13.5 cm
ISBN
978-9-997-13418-9
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
မြန်မာစာပေ
အမျိုးအစားခွဲများ
ဝါကျ