
အကြည်ဓာတ်
စာရေးသူ - နန္ဒာစာရ
အကျဉ်းချုပ်
စာရေးသူကိုယ်တိုင်လည်း ကြည်လင်သောစိတ်၊ လန်းဆန်းတက် ကြွသော ကိုယ်ခန္ဓာတို့ဖြင့် ကာလအတန်ကြာ ကင်းကွာခဲ့ရဖူးသည်။ ထိုထို သော စိတ်ဒုက္ခများ၊ အကြောင်းတရားများကြောင့် စာရေးသူသည် စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာများကို ခံစားခဲ့ရပြီး အကြည်ဓာတ် ပျောက် နေခဲ့ရသည်။ မိမိကိုယ်တိုင် သင်ကြားနားလည်ထားခဲ့သော အယူဝါဒများ၊ အယူ အဆများ၊ ဒဿနများကို လက်တွေ့ဘဝတွင် မရအရ အတင်းလုံ့လပြုပြီး အားစိုက်ကျင့်သုံးခဲ့ပြီးသည့် အခါမှသာလျှင် ကြည်လင်သောစိတ်၊ လန်း ဆန်းသော ကိုယ်တို့ကို ပြန်လည် ရရှိခဲ့ရပေသည်။ မိမိကိုယ်တိုင် ခံစားနားလည်ခဲ့ရသော အသိပညာများ၊ အကျင့် အကြံများကို ယခုကာလတွင် အကြည်ဓာတ်ပျောက်နေသော စာဖတ်ပရိ သတ်များထံသို့ မျှဝေပေးလိုစိတ်ကြောင့် ဤစာအုပ်ကို မဖြစ်မနေရေးလိုက်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ဤ“အကြည်ဓာတ်ဟူသည့်စာအုပ်တွင်မြတ်ဗုဒ္ဓ၏ အဆုံးအမများ၊ ပညာရှင်များစွာတို့၏ အယူအဆများ ပါဝင်မည့်အပြင် စာရေးသူ၏ ကိုယ်တွေ့ခံစားချက်၊အတွေ့အကြုံများကိုလည်း ဥပမာ ပြု၍ ဆွေးနွေးသွားပါမည်။စာဖတ်သူပရိသတ်များ “အကြည်ဓာတ်”ပျောက်ဆုံးနေသော နေ့ ရက်များကို ကျော်ဖြတ်ရာတွင် ဤစာအုပ်ကလေးက တစ်စိတ်တစ်နေရာက ပါဝင်နိုင်စေရန် ရည်သန်၍ ရေးသားခြင်းဖြစ်သည်။
စာမျက်နှာ
135
ပုံစံ
Paperback
ထုတ်ဝေသူ
ပန်းဆက်လမ်း
ထုတ်ဝေသည့်နှစ်
2023
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
18 × 12.5 cm
ISBN
9794318012367
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး