
သာသနာ့ဝန်ဆောင် တိပိဋကအဘိဓာန် (ပထမတွဲ)
စာရေးသူ - အရှင်ကုမာရ
အကျဉ်းချုပ်
ရေးသားပြုစုရာ၌ ဦးဟုတ်စိန်အဘိဓာန်, ကမ္ဘာအေး တိပိဋက ပါဠိမြန်မာအဘိဓာန်စသော ရှေးပုံရိုက်ပြီး အဘိဓာန်ကျမ်းများကိုလည်းကောင်း၊ ယောဇနာအမျိုးမျိုး ဂဏ်အမျိုးမျိုးနှင့် ရှေးဟောင်းနိဿယ များကိုလည်းကောင်း၊ ပုံမရိုက်ဖူးသေးသည့် ရှေးဟောင်းပေစာထုပ်များကိုလည်းကောင်း ကြည့်ရှုလေ့လာကာ ရေးသားပြုစုပါသည်။ ထို့ပြင် ဝါစပ္ပတိ, သဒ္ဒတ္ထပဒုမ, သဒ္ဒတ္တကာတ္ထုဘစသော သက္ကတဟိန္ဒီအဘိဓာန်ကျမ်း များကိုလည်းကောင်း၊ ဟိန္ဒီအဘိဓာန်. ဟိန္ဒီအင်္ဂလိပ်အဘိဓာန်စသော အင်္ဂလိပ်အဘိဓာန်ကျမ်းများကို လည်းကောင်း မှီငြမ်းပြု ညှိနှိုင်းကိုးကားကား ရေးသားပြုစုတော်မူပါသည်။ ဆရာတော်သည် ဤအဘိဓာန် ကျမ်းကြီးကို ရေးသားပြုစုပြီးနောက် အချောသတ်ရင်း ကျန်ကောင်းကျန်ရာများကို ဖြည့်စွက်နေရင်းပင် သက်တော် (၈၃)နှစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပါသည်။ ဆရာတော်ပျံလွန်တော်မူပြီးနောက် ပထမနှစ်ပတ်လည်တွင် ဆရာတော်ရေးသားပြုစုအပ်သည့် “ဝိနယသင်္ဂဟ ပန်းကုံး(ပထမတွဲ)” ကို ပုံရိုက်ကာ ပူဇော်ခဲ့ကြပါသည်။
စာမျက်နှာ
882
ပုံစံ
Paperback
ထုတ်ဝေသူ
ဗုဒ္ဓစာပေထိန်းသိမ်းပြန့်ပွားရေးအဖွဲ့
ထုတ်ဝေသည့်နှစ်
2004
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
26.5 × 21 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး