
ဗောဓိဉာဏ် အလင်းတန်း
စာရေးသူ - ပါရဂူ
အကျဉ်းချုပ်
အမှာစာ
ခုဒ္ဒကနိကာယ်ထဲက “ထေရဂါထာ” ၌ ရဟန္တာမထေရ်မြတ်တို့၏ အကြောင်းကို ဖော်ပြထားပြီး “ထေရီဂါထာ၌ ရဟန္တာထေရီတို့၏ အကြောင်း ဖော်ပြထားသည်။ “ထေရဂါထာ” နှင့် “ထေရီဂါထာ”၌ ထေရနှင့်ထေရီတို့၏ “ဥဒါန်း” စကားများ ပါရှိသည်။
“ဥဒါန်း” စကားဟူသည်မှာ ဘဝခရီးပန်းတိုင် ရောက်လာချိန် ဖိတ်လျှံကျလာသော ပီတိကို စကားလုံးဖြင့် ဖော်ကျူးထားခြင်းဖြစ် သည်။ ယင်းသဘောအဓိပ္ပာယ်ဆောင်သော ထေရနှင့်ထေရီတို့၏ ဥဒါန်း စကားသည်လည်း ထေရနှင့်ထေရီတို့၏ ဘဝအနှစ်သာရ ဖြစ်နေသည်။ ထေရနှင့် ထေရီတို့၏ ဘဝအထွတ်အထိပ် မှတ်တိုင် ကမ္ပည်း ကျောက်စာ ဖြစ်နေသည်။
“ထေရဂါထာ” နှင့် “ထေရီဂါထာ” ၌ လည်းကောင်း၊ အခြား နိကာယ်ကျမ်းများ၌လည်းကောင်း ဖော်ပြပါရှိသော ထေရနှင့် ထေရီတို့ ၏ ဘဝဖြစ်စဉ်သည် ဗုဒ္ဓစာပေ၌ တစ်ခန်းတစ်ကဏ္ဍ ပါဝင်နေသည်။ ကလောင်ရှင်အများအပြားသည် ထေရနှင့်ထေရီ တို့၏ ဘဝဖြစ်စဉ်၊ ဘဝအတွေ့အကြုံများကို အက္ခရာတင်ကြသည်။ ယင်းတို့အထဲမှ အချို့ က ထေရဝါဒ အဆိုအမိန့်အရလည်းကောင်း၊ အချို့က မဟာယာန အဆိုအမိန့်အရ လည်းကောင်း၊ အချို့က နှစ်မျိုးရော၍ လည်းကောင်း၊ အချို့က စကားပြေဖြင့် လည်းကောင်း၊ အချို့က ကဗျာလင်္ကာ၌ဝတ္ထု ဟန်ဖြင့် လည်းကောင်း၊ ကိုယ်သန်ရာသန်ရာ ခြယ်မှုန်းထားကြသည်။ သို့သော်လည်း အားလုံး၏ရည်ရွယ်ချက်မှာ တစ်ခုတည်းပင် ဖြစ်သည်။ ထေရနှင့် ထေရီတို့၏ ဂုဏ်တော်ကို ဖော်ကျူးရန်ဖြစ်သည်။
ဗုဒ္ဓမှစ၍ တပည့်သာဝကများ၏ ဘဝတစ်လျှောက် ထွန်းတောက် လာသော ဗောဓိဉာဏ်အလင်းဆီမီးတိုင်များကို သွယ်တန်းပြထားသော ဤ “ဗောဓိဉာဏ် အလင်းတန်း”သည် အမြင်မကြည်သူများအတွက် ထင်းခနဲ၊ ဝင်းခနဲ လင်းလက်သွားအောင် ဗောဓိဆီမီးတိုင်များတွင် မီးစာအသစ်၊ ဆီအသစ် ထပ်ဖြည့်ပေးလိုက်ခြင်းပင်ဖြစ်သည်။
ပါရဂူ
စာမျက်နှာ
208
ပုံစံ
Paperback
ထုတ်ဝေသူ
အိပ်မက်ရိပ်စာပေ
ထုတ်ဝေသည့်နှစ်
2019
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
21 × 13 cm