
စာပေဆိုသော မိန်းမချောကလေး
စာရေးသူ - မောင်ခင်မင် (ဓနုဖြူ)
အကျဉ်းချုပ်
စာပေအရေးအဖွဲ့တစ်ခုသည် မိန်းကလေးတစ်ယောက်နှင့် တူသည်ဟု ဆိုကြပါစို့။ သို့ဆိုလျှင် စာပေရေးဖွဲ့ရာ၌ သင့်တတ်သော အပြစ်ဒေါသတို့သည် ထိုမိန်းကလေး၏အလှကို ဖျက်ဆီးသော မှဲ့ခြောက်၊ တင်းတိပ်၊ ဝက်ခြံတို့နှင့် တူကြောင်း၊ စာပေကို တန်ဆာဆင်သော သဒ္ဒါလင်္ကာရခေါ် စကားတန်ဆာတို့သည် ထိုမိန်းကလေး၏ ချောမောလှပမှု၊ အကျင့်သီလကောင်းမွန်မှု၊ မယားဝတ္တရားကျေပွန်မှု စသော အရည်အသွေးကောင်းတို့နှင့် တူကြောင်း၊ စာပေကို တန်ဆာဆင်သော အတ္ထာလင်္ကာရခေါ် အနက်တန်ဆာတို့သည် ထိုမိန်းကလေး ဆင်ယင်ထားသော ပုတီး၊ နားတောင်း၊ လက်ကောက် စသည့် အဆင်တန်ဆာတို့နှင့် တူကြောင်း သုဗောဓာလင်္ကာရခေါ် အလင်္ကာကျမ်းတွင် ဥပမာဆောင်ထားပါသည်။ ဤဥပမာအရ စကားတန်ဆာသည် ပင်ကိုအရည်အသွေးဖြစ်ကြောင်း၊ အနက်တန်ဆာသည် အပေါ်က ဆင်ယင်သော အဆင်တန်ဆာဖြစ်ကြောင်း နားလည်ရပါသည်။ မောင်ခင်မင်(ဓနုဖြူ)
စာမျက်နှာ
316
ပုံစံ
Paperback
ထုတ်ဝေသူ
စိတ်ကူးချိုချို
ထုတ်ဝေသည့်နှစ်
2019
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
21 × 14.5 cm
ISBN
978-9-997-11858-5
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
မြန်မာစာပေ
အမျိုးအစားခွဲများ
ဘာသာစာပေ, ယဉ်ကျေးမှု