
သာသနာ့အသက်
စာရေးသူ - အရှင်ဇနကာဘိဝံသနှင့်တပည့်စာချဆရာတော်အရှင်ကုဏ္ဍလာဘိဝံသ
အကျဉ်းချုပ်
ရဟန်းတော် သာမဏေများ၏ အတွင်း အဇ္ဈတ္တသာသနာ သန့်ရှင်းအောင် ပြုလုပ်ဆောင်ရွက်ဖော် ရကြပေသော ဒကာ ဒကာမအပေါင်း သူတော်ကောင်းတို့သည် ရဟန်းတော် သာမဏေများ၏ အတွင်းအဇ္ဈတ္တ သီလ သမာဓိ ပညာ သာသနာ သန့်ရှင်းမှု အကျိုးကိုသာမက တိုင်းသားပြည်သူ ရှင် လူ ရဟန်း အားလုံး၏အကျိုး ဘာသာ သာသနာ လူမျိုး တိုင်းပြည်အကျိုးကိုလည်း သယ်ပိုးရာ ရောက်ပေတော့ရာ၏။သို့ဖြစ်၍ သာသနာ ပြုလိုသော ဒကာ ဒကာမအပေါင်း သူတော်ကောင်းတို့ ကြိုတင်၍ တတ်သိ နားလည်ထားထိုက်သော စာတမ်းစာအုပ်တစ်ခု မိမိ စွမ်းဆောင်နိုင်သမျှ ရေးသား တင်ပြရလျှင် ကောင်းပေရာ၏။ဤကဲ့သို့သော စိတ်ကူးနှင့် အတွေးအခေါ် အမြော်အမြင်အရ ဤစာအုပ်ကို ရေးသား တင်ပြရခြင်း ဖြစ်ပါသည်၊ စာအုပ် နာမည်ကိုလည်း သာသနာကို စင်ကြယ် သန့်ရှင်းသည်ထက် သန့်ရှင်းအောင် ပြုစုလိုသော ဒကာ ဒကာမများ ကြိုတင်သိထား သင့် သိထားထိုက်သော သိစရာကောင်းသော ဝိနည်းဥပဒေ အချို့ကို ပြရာဖြစ်သောကြောင့် “လူသိစရာဝိနည်း” (သာသနာ့ အသက်)ဟု နည်တပ်လိုက်ရပါသည်။
စာမျက်နှာ
92
ပုံစံ
Paperback
ထုတ်ဝေသူ
မဟာဂန္ဓာရုံကျောင်းတိုက်
ထုတ်ဝေသည့်နှစ်
2024
ထုတ်ဝေမူ
3rd Edition
စာအုပ်အရွယ်အစား
18.3 × 12.5 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (6)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး