
မာတိကာဓာတုကထာဗောဓိ
စာရေးသူ - အရှင်ဂုဏိဿရ
အကျဉ်းချုပ်
ဒုကမာတိကာများ၌ သရုပ်များကို အမြင်ရှင်းအောင် ခွဲပြထား၏၊ အာရမ္မဏတိက် များ၌ သင်္ဂဟပါဠိနှင့် ညှိနှိုင်းကာ ရှင်းပြထား၏၊ ကေနစိဝိညေယျဒုက်၌ တစ် နည်းကား အရကောက်များကို ရှင်းပြထား၏၊ ဓာတုကထာနိဒ္ဒေသ၌ ဒုတိယ နယမှစ၍ စုဒ္ဒသမနယအထိ တရား ၃-အုပ်စုကို ဆုပ်ကိုင်ကာ သဘောပါပါဖြင့် ဟောနိုင်အောင် နည်းပေးထား၏၊ သက်ဆိုင်ရာ အဓိပ္ပါယ်များကိုလည်း ရေးပြ ထား၏၊ ဆောင်ပုဒ်လင်္ကာများဖြင့် တန်ဆာဆင်ထား၏၊ ပါဠိဂုဏ်ထူး ယူလိုသူ များအတွက် တိက်ပုဒ်, ဒုက်ပုဒ်များကို ပါဠိဘာသာဖြင့် ဖွင့်ပြထား၏၊ ဤဖွင့် ဆိုချက်များကိုကား ၁၃၂၈-ခုနှစ်, ပထမအခေါက်ပို့ချစဉ်ကပင် ပါဠိဂုဏ်ထူးယူမည့် တပည့်များအတွက် ရေးပေးခဲ့ခြင်းဖြစ်ပါသည်။ ဤပြအပ်ခဲ့သည့် အစီအစဉ်များဖြင့် အရကောက် ဆရာတော်ကြီးများ ကောက်ပြတော်မူအပ်သည့်အတိုင်း ဤ“မာတိကာ ဓာတုကထာဗောဓိ”ကို တည်ဆောက်ထားပါသည်။ ဤသို့လျှင် မာတိကာဓာတုကထာ ကျမ်းများကို လေ့လာသင်ယူသောအားဖြင့် ဘုရားရှင်၏ သဗ္ဗညုတဉာဏ်တော်၏ အစွမ်းကိုလည်းကောင်း, အရကောက်ဆရာတော် ကြီးများ၏ သဒ္ဓါအား, ဉာဏ်အား, ဝီရိယအား တို့ကိုလည်းကောင်း ကြည်ညိုကြရ အံ့သြကြရ, ချီးမွှမ်းကြရမည် ဖြစ်ပါသည်။
စာမျက်နှာ
339
ပုံစံ
Paperback
ထုတ်ဝေသူ
ဗုဒ္ဓစာပေထိန်းသိမ်းပြန့်ပွားရေးအဖွဲ့
ထုတ်ဝေသည့်နှစ်
2017
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
24.5 × 17.5 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး