
ကိုးခန်းအရသာ မှတ်စရာနှင့် အခြားဆောင်းပါးများ
စာရေးသူ - မင်းသုဝဏ်
အကျဉ်းချုပ်
ကျွန်တော်တို့ ကလေးသူငယ်ဘဝက
သီကြဆိုကြ အဖော်လုပ်ခဲ့ကြသော သီချင်းတို့ကား
ဤသီချင်းကလေးအပြင် အတော်များများ ရှိပါသေးသည်။
ကျွန်တော် ဆက်စဉ်းစားသည်။
တစ်ပုဒ် ပေါ်လာသည်။ အိပ်ရာမှထ၍ ရေးမှတ်ပြန်သည်။
နောက်တစ်ပုဒ် ပေါ်လာသည်။ ရေးမှတ်ပြန်သည်။
မိုးသာ လင်းပါရော။ ရေးမှတ်၍ မပြီးပါ။
ရယ်စရာ သီချင်းတွေ၊ ပျော်စရာ သီချင်းတွေ၊
မခံချင်စရာ သီချင်းတွေ၊
မကြားကောင်း မနာသာ သီချင်းတွေ၊
သို့သော်လည်း များသောအားဖြင့်ကား
စာနှင့် ပေနှင့် အက္ခရာတင်ပြီးသော သီချင်းများ ဟုတ်ပုံမရပါ။
ရာနှုန်းအပြည့်မျှ စာတတ်လာနေပြီဖြစ်သော ကျွန်တော်တို့ နိုင်ငံတွင်
ဤနှုတ်မှုသက်သက်မျှဖြစ်သော သီချင်းကလေးများသည်
ကျွန်တော်တို့ နှင့်အတူတူ တစ်နေ့တွင်
ပျောက်ကွယ်သွားကြလေတော့မည်။
ကျွန်တော် နှမြောလာပါသည်။
ကဲ၊ ကောင်းကောင်း ဆိုးဆိုး မှတ်တမ်းတော့ တင်လိုက်မည်။
ကောင်းသည်တို့မှ စံနမူနာ ယူကြလိမ့်မည်။ ဆိုးသည်တို့မှ သင်ခန်းစာ ယူကြလိမ့်မည်။
‘ငယ်ငယ်တုန်းက ဆိုခဲ့ကြသည်” မှ
စာမျက်နှာ
402
ပုံစံ
Paperback
ထုတ်ဝေသူ
စိတ်ကူးချိုချို
ထုတ်ဝေသည့်နှစ်
2025
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
21 × 13.5 cm
ISBN
978-9-997-13777-7
ပစ္စည်းလက်ကျန်