
မြန်မာအစနှင့် ရှေးဟောင်းမြန်မာရာဇဝင်
စာရေးသူ - ဦးဖိုးလတ်
အကျဉ်းချုပ်
ဂုဏ်ပြုချီးကျူးပွဲစာတမ်းဖတ်ပွဲတွင် သတိပြုမိသည့် ထူးခြား ချက်မှာ တက္ကသိုလ်ကိုလိုနီ၏ဂုဏ်ရှိန်၊ ဂိုဏ်းရှိန် အဘယ်မျှတောက်ပ လွှမ်းမိုးနေသလဲဆိုလျှင် ဦးဖိုးလတ်၏ “မြန်မာအစ" စာတမ်းကို လူတိုင်းမဖတ်ဝံ့ကြောင်း တွေ့ရသောအချက်ဖြစ်ပါသည်။ ယခင်က အသံကျယ်ကျယ်ထွက်ဝံ့သူ ရှားခဲ့သည်မှာ အကြောင်း ထူး မဟုတ်နိုင်ပေ။ ယခုအခါ ဦးဖိုးလတ်၏အမျိုးသားရေးစေတနာအတိုင်း ပါမောက္ခ လူ့စ်၏ မြန်မာရာဇဝင်ပြင်ဆင်တီထွင်ချက်ကို တပည့်လက်သားများက အတည်ပြု၍ စွယ်စုံကျမ်းနှင့် ကျောင်းသုံးမြန်မာရာဇဝင်သမိုင်းများထဲ အထိ ထိုးသွင်း၍ နောင်လာနောင်သားတို့အား သင်ကြားနေသည့်ကိစ္စ မှာ အမျိုးသားရေးတွင်သေးငယ်သော ကိစ္စမဟုတ်သဖြင့် ဆက်လက်၍ သုတေသနပြုရန်နှင့် ဝေဖန်စိစစ် အဆုံးအဖြတ်ပေးနိုင်ရန် ဦးဖိုးလတ်၏ 'မြန်မာအစ'ဤစာတမ်းကို ပြည်သူသို့ တင်ပြလိုက်ပါသတည်း။
စာမျက်နှာ
157
ပုံစံ
Paperback
ထုတ်ဝေသူ
စိတ်ကူးချိုချို
ထုတ်ဝေသည့်နှစ်
2018
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
21 × 14.7 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
သမိုင်း
အမျိုးအစားခွဲများ
ရာဇဝင်