
ရူပသိဒ္ဓိမောဠိ (ဒုတိယပိုင်း)
စာရေးသူ - အရှင်ဉာဏသိရီ
အကျဉ်းချုပ်
အရှင်ဉာဏသိရီ (ဓမ္မာစရိယ၊ ပါဠိပါရဂူ)က ရူပသိဒ္ဓိမောဠိ ကျမ်းစာကို ပြုစုရေးသားသည်။ ပင်ရင်းကျမ်းစာက “ပဒရူပသိဒ္ဓိ” ဖြစ်၏။ နာမ်, အာချာတ်, နိပါတ်, ဥပသာ လေးဖြာသော ပုဒ်ကြီးတို့၏ရုပ်ပြီးပုံကို ပြသောကြောင့် “ပဒရူပသိဒ္ဓိ”ဟုခေါ်သည်၊ ရုပ်ပြီးကျမ်းဟု ဆိုရ၏။ ကစ္စည်း သဒ္ဒါကျမ်း၌ သုံးနှုန်းထားသော သဒ္ဒါဝေါဟာရစကားလုံးတို့၏ အနက်အဓိပ္ပါယ် တို့ကိုလည်း ဖွင့်ဆိုပြသည်။ သဒ္ဒါဆိုင်ရာ ပုဒ်ပါဌ် အက္ခရာတို့ကို အကျဉ်းချုပ် ပါက နာမ်ပုဒ်, အာချာတ်ပုဒ်, နိပါတ်ပုဒ်နှင့် ဥပသာရပုဒ်တို့သာ ဖြစ်ကြသည်၊ ထိုတွင် နာမ်ပုဒ်မှ သမာသ်နာမ်, တဒ္ဓိတ်နာမ်, ကိတ်နာမ်, သဗ္ဗနာမ်-ဟု ခွဲထွက် သွားသည်။ ရူပသိဒ္ဓိမောဠိအရှင်က သန္ဓိပိုင်းနှင့် နာမ်ပိုင်းတို့ကို တစ်ပိုင်းခွဲ၍ ပထမပိုင်း တစ်အုပ်ရေးသားသည်၊ သမာသ်နှင့်တဒ္ဓိတ်ကို တစ်ပိုင်းခွဲ၍ ဒုတိယပိုင်း တစ်အုပ် ရေးသားသည်။ ကျန်အပိုင်းများကို ပါဠိဗောဓိဆရာတော်က ရေးသားပြုစုသည်။ ကစ္စည်းနှင့်ရူပသိဒ္ဓိကို ပေါင်းစပ်၍ ရုပ်တွက်ပြသည်၊ ပုဒ်ခွဲ ပါဌ်ခွဲ, ဝိဂြိုဟ် ဆိုပြသည်၊ ပါဠိဘာသာဖြင့် ရုပ်တွက်ပြသည်၊ လိုအပ်သည့် အနက်အဓိပ္ပါယ် တို့ကိုလည်း ထည့်သွင်းရေးသားပြသည်။
စာမျက်နှာ
343
ပုံစံ
Paperback
ထုတ်ဝေသူ
ဗုဒ္ဓစာပေထိန်းသိမ်းပြန့်ပွားရေးအဖွဲ့
ထုတ်ဝေသည့်နှစ်
2015
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
24.5 × 17 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး