
တောင်အမေရိက ပုံပြင်များ (လူတစ်ပိုင်း မိကျောင်းတစ်ပိုင်း )
စာရေးသူ - ကျော်ရင်မြင့်
အကျဉ်းချုပ်
ောင်အမေရိက ရိုးရာပုံပြင်တွေကို လေ့လာဖတ်ရှုကြည့်တဲ့အခါ မှော်ဆရာတွေ၊ စုန်းမတွေ၊ တစ္ဆေသရဲတွေ၊ နာနာဘာဝတွေကို ဇာတ်ကောင်ထားတဲ့ ပုံပြင်တွေလည်း များများတွေ့ရပါတယ်။ သူ့လူမျိုး သူ့ယဉ်ကျေးမှုအကြောင်းကို သိရှိလေ့လာနိုင်ဖိုအတွက် အတန်အသင့် ရွေးချယ် ဖော်ပြထား ပါတယ်။ နိုင်ငံတွေအချင်းချင်း ဆက်စပ်ပတ်သက်နေကြတာဖြစ်လို လူမျိုးတစ်မျိုးနဲ့တစ်မျိုး ဆင်တူတဲ့ ပုံပြင်တွေ ရှိနေကြတာလည်း တွေ့ရပါတယ်။
တောင်အမေရိက,က မြိုရွာတွေ၊ လူတွေရဲ့အမည်ကို ဖော်ပြရာမှာ ပင်ရင်းအသံထွက်နဲ့ အနီ စပ်ဆုံးဖြစ်အောင် ကြိုးပမ်းရှာဖွေပါတယ်။ အမည်ကို မြန်မာ့နားနဲ့လည်း သိပ်မစိမ်းဘဲ အဆင်ပြေအော လည်း ဖော်ပြထားပါတယ်။
တောင်အမေရိကတိုက်မှာ မူလက ဒေသခံတိုင်းရင်းသားတွေ နေထိုင်ခဲ့ကြပါတယ်။ နယ်သစ် ပယ်သစ်ရှာဖွေတဲ့ စပိန်၊ ပေါ်တူဂီ၊ ဒတ်ချ်နဲ့ ဗြိတိသျှတိုက နယ်ချဲ့ ကြတာကို ဒေသခံတွေ ခံခဲ့ရတယ်။ ကာလကြာမြင့်စွာ အုပ်ချုပ်တာခံကြရတဲ့နောက်ပိုင်းမှာ နယ်ချဲ့သမားတွေရဲ့ ကိုးကွယ်ယုံကြည်မှု၊ ဓလေ့ထုံးစံ၊ ဘာသာစကား၊ ယဉ်ကျေးမှုအချိုလည်း ဒေသခံတွေက လွှမ်းမိုးခံကြရတယ်။ ပုံပြင်တွေ ထဲမှာ ဒါကို တွေ့နိုင်ပါတယ်။
ပုံပြင်တွေကတစ်ဆင့် အသိအမြင်တွေ၊ အလိမ္မာတွေ ရကြပါစေ။
ကျော်ရင်မြင့်
စာမျက်နှာ
164
ပုံစံ
Paperback
ထုတ်ဝေသူ
ပဉ္စဂံစာအုပ်တိုက်
ထုတ်ဝေသည့်နှစ်
2026
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
21 × 16.8 cm
ISBN
9202375254182
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
Pyinsagam
အမျိုးအစားခွဲများ
ကလေးများအတွက်ဗဟုသုတ, ပုံပြင်များ