
စာမျက်ရှု
စာရေးသူ - တက္ကသိုလ်မောင်မောင်ကြီး
အကျဉ်းချုပ်
ကျွန်တော် တက္ကသိုလ်ကျောင်းသား ဘဝကတည်းက တက္က သိုလ် မဂ္ဂဇင်းများ၊ ဂန္ထလောက မဂ္ဂဇင်းများတွင် ဝတ္ထုများ၊ ကဗျာများ၊ ဆောင်းပါးများကို ကလောင်အမည် အမျိုးမျိုးနှင့် ရေးခဲ့ပါသည်။ ဆရာဘဝတွင်လည်း ရှုမဝ၊ မြဝတီ၊ ပေဖူး လွှာ၊ သက်လျာ၊ ငွေတာရီ မဂ္ဂဇင်းများတွင် ဝတ္ထု၊ ဆောင်းပါး များကို ဆက်လက် ရေးခဲ့ပါသည်။ ကျွန်တော့် စာများသည် ပြန့်ကျဲနေပါသည်။ စာအုပ်အနေနှင့် လေး ငါး အုပ်လောက် သာ ထုတ်ဝေနိုင်ခဲ့ပါသည်။ ဆောင်းပါးများကို တစ်စုတည်း ပေါင်း၍ စာအုပ်များ ဖြစ်လာနိုင်လျှင် ကောင်းပေစွဟု တောင့်တခဲ့ပါသည်။ ကျွန်တော့်ဆန္ဒ တစ်စိတ်တစ်ဒေသ ပြည့်နိုင်စေရန် နှလုံး လှစာပေက ကျွန်တော့်ဆောင်းပါးများအနက် သင့်လျော် ရာ ရာ ဆောင်းပါးများကို စုပေါင်း၍ စာဆိုတော်နေ့ အထူး ထုတ် စာအုပ်တစ်အုပ်အဖြစ် ထပ်မံ ထုတ်ဝေလိုပါကြောင်းလာရောက် ပြောကြားပါသည်။ ကျွန်တော် ခွင့်ပြုလိုက်ပါ သည်။ စာအုပ်အမည်ကိုမူ ယခင်အတိုင်း စာမျက်ရှုဟု အမည် မှည့်ပါသည်။ တက္ကသိုလ်မောင်မောင်ကြီး
စာမျက်နှာ
349
ပုံစံ
Paperback
ထုတ်ဝေသူ
စိတ်ကူးချိုချို
ထုတ်ဝေသည့်နှစ်
2023
ထုတ်ဝေမူ
4th Edition
စာအုပ်အရွယ်အစား
19 × 13.2 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
မြန်မာစာပေ
အမျိုးအစားခွဲများ
စာပေရေးရာ