
အောက်မေ့တသ အမှတ်တရစာ (ဒုတိယတွဲ)
စာရေးသူ - လူထုဒေါ်အမာ
အကျဉ်းချုပ်
ဇာတ်သဘင်လောကနဲ့ ပတ်သက်လို့လည်း တစ်ချိန်က 'တင်မောင်လက်ဝဲ၊ အောင်မောင်းပန်းပဲ” လို့ ဘာကြောင့် ဆိုရိုးစကား ဖြစ်ခဲ့ရတယ်က အစ အောင်မောင်း ခြေထိုးဆိုတာ တချို့ဇာတ်မင်းသား တွေ အတုယူလုပ်ပြနေတဲ့ ခြေထိုးနဲ့မတူကြောင်း ရှင်းပြထားပါတယ်။ ဇာတ်သဘင်လောကမှာ တစ်ချိန်က ပေါ်ပေါက်ခဲ့ဖူးသေးတဲ့ ဇာတ် ထောင်ဆရာ ဇာတ်မင်းသားကြီး ဦးဘိုးစိန်နဲ့ သူ့ဇာတ်သဘင် ပညာရှင် များ၊ အောက်ခြေသိမ်း အလုပ်သမားများကြားက ပဋိပက္ခကို တင်ပြ ထားတာလည်း အလုပ်ရှင် အလုပ်သမားများကြားက ဖြစ်ရိုးဖြစ်စဉ် သာမန်ပဋိပက္ခထက် ပိုနေတာကို ဇာတ်ဆရာဘက်၊ အလုပ်သမားများ ဘက်က လိုက်ပါရေးသားကြတဲ့ ဆောင်းပါးများအရ ကျယ်ကျယ်ပြန့်ပြန့် သိနိုင်ပါတယ်။ သီချင်းရေးဆရာများထဲကဆိုရင်လည်း ဆရာထာ၊ ဆရာညှာတို့ ကအစ နောက်ဆုံး စိုင်းထီးဆိုင်အထိ နှိုက်နှိုက်ချွတ်ချွတ် စေ့ငုထားတာ ကို ဖတ်ရှုခံစားနိုင်ပါတယ်။ ဒေါ်အမာရဲ့ ‘အောက်မေ့တသ အမှတ်တရစာများ (ဒုတိယတွဲ)’ ကို ဖတ်ရှုရင်း သုတအထွေထွေ တိုးပွားနိုင်ကြပါစေ။ ထုတ်ဝေသူ `အောက်မေ့တသ အမှတ်တရစာ (ပထမတွဲ) ကို ၂၀၁၆ ခု နိုဝင်ဘာလက ဒေါ်အမာရဲ့ အသက် (၁၀၁) နှစ်မြောက်အထိမ်းအမှတ်အဖြစ် ဂုဏ်ပြု ထုတ်ဝေခဲ့ပါတယ်။
စာမျက်နှာ
330
ပုံစံ
Paperback
ထုတ်ဝေသူ
လူထုကြီးပွားရေးပုံနှိပ်တိုက်
ထုတ်ဝေသည့်နှစ်
2017
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
21 × 14 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
အတ္ထုပတ္တိ
အမျိုးအစားခွဲများ
သုတ