
ခမည်းကြိုး
စာရေးသူ - ခင်ခင်ထူး
အကျဉ်းချုပ်
“ခမည်းကြိုး” ဝတ္ထုရှည်သည် စာရေးဆရာမကိုယ်တိုင် မြို့ငယ်လေးတစ်မြို့တွင် ကြုံတွေ့ခဲ့ရသော ထူးခြားဆန်းကြယ်သည့် အမျိုးသမီးတစ်ဦး၏ အမူအရာနှင့် ဘဝဇာတ်ကြောင်းကို အခြေခံ၍ ဖန်တီးရေးသားထားခြင်းဖြစ်သည်။ ဝတ္ထုကို ရေးသားရာတွင် မြန်မာ့သစ်တောသမိုင်းဆိုင်ရာ အချက်အလက်များနှင့် ရှေးဟောင်းပညာရပ်ဆိုင်ရာ ကျမ်းစာများမှ အကြောင်းအရာများကို အလျဉ်းသင့်သလို ထည့်သွင်းထားကာ ကျေးလက်နှင့် သစ်တောနယ်မြေများကို နောက်ခံထား၍ တင်ပြထားသည်။ ဇာတ်လမ်းအစတွင် အစိုးရဝန်ထမ်းအဖြစ်မှ ထွက်ကာ ကုမ္ပဏီတစ်ခု၌ တာဝန်ခံစာရင်းစစ်အဖြစ် လုပ်ကိုင်နေသော ခင်စောမူသည် အလုပ်တာဝန်ဖြင့် သမုန်းကျင်းမြို့ဟောင်းသို့ ခရီးထွက်လာစဉ် ရထားပေါ်၌ အကြားအမြင်ရသည်ဟု ဆိုသော ဒေါ်ကြေးစည်ဆိုသည့် အမျိုးသမီးကြီးနှင့် ဆုံတွေ့ပုံဖြင့် အစပျိုးထားသည်။ ဝတ္ထုတစ်လုံးချင်းအနေဖြင့် မထုတ်ဝေမီ "Beauty" မဂ္ဂဇင်းတွင် ၁၁ လကြာ အခန်းဆက်ဝတ္ထုအဖြစ် ဖော်ပြခဲ့ပြီး စာဖတ်ပရိသတ်အကြား လူကြိုက်များသော လက်ရာတစ်ခုဖြစ်ပါသည်။
စာမျက်နှာ
463
ပုံစံ
Paperback
ထုတ်ဝေသူ
ဥဒယကျေးရွာစာပေ
ထုတ်ဝေသည့်နှစ်
2025
ထုတ်ဝေမူ
7th Edition
စာအုပ်အရွယ်အစား
21 × 14.6 cm
ISBN
7749493427897
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဝတ္ထု
အမျိုးအစားခွဲများ
ဝတ္ထု