
ဆရာတော်ကြီးများ၏ ထေရုပ္ပတ္တိစာစဉ် (၄၂) အုပ်
စာရေးသူ - ဆုပြည့်စုံထွန်းဒယ်ဒီတာအဖွဲ့
အကျဉ်းချုပ်
ကျွန်တော်၏ စာပေတိုက်အနေဖြင့် အမျိုးဘာသာ သာသနာအတွက် အကျိုးရှိမည့် အတ္ထုပ္ပတ္တိစာစဉ်များကို ထုတ်ဝေရန် တိုက်အယ်ဒီတာများ၊ ပြင်ပ ပညာရှင်ဆရာကြီးများနှင့် စည်းဝေးတိုင်ပင်ခဲ့ပါသည်။ ပထမဦးစွာ သာသနာတော်အတွက်ထင်ရှားသည့်ကျေးဇူးကြီးမားခဲ့ကြသော ဆရာတော် ကြီးများ၏ ထေရုပ္ပတ္တိများအား စတင်ရေးသားကြရန် ဆုံးဖြတ်ကြပါသည်။ အယ်ဒီတာအဖွဲ့ဝင် ဆရာကြီးများမှာ ပရိယတ္တိစာပေနှင့် မြန်မာစာပေဘက် တွင်ကျွမ်းကျင်ကြသောပုဂ္ဂိုလ်ကြီးများဖြစ်သည့်အားလျော်စွာသူတို့လေ့လာ ဖတ်မှတ်ထားပြီး စတင်ရေးသားနိုင်သော ဆရာတော်ကြီးများ၏ ထေရုပ္ပတ္တိ စာစဉ်ဖြင့်သာ စတင်ရန်အကြံပြုကြပါသည်။ယနေ့ခေတ်ကာလသည်စာအုပ် ထူထူကြီးများအား အချိန်ပေးဖတ်ရှုရန် ခက်ခဲသည့်အားလျော်စွာ စာမျက်နှာ ၁၅ဝနှင့်၂ဝဝအတွင်းစာအုပ်ဆိုဒ်ဈေးနှုန်းတညီတည်းနှင့်ဝယ်ယူဖတ်ရှုနိုင်ရန် စီစဉ်ထားပါသည်။ယခုစာအုပ်ကို ဆရာဦးလှသိန်းထွဋ်မှ ရေးသား၍ အယ်ဒီတာများက ဝိုင်းဝန်းတည်းဖြတ်ထုတ်ဝေပါသည်။ အခြားသော နိုင်ငံရေး၊ စီးပွားရေး၊ အနုပညာ၊ အမျိုးသားရေးဆိုင်ရာ စသော နယ်ပယ်အသီးသီးမှ ရဟန်း ရှင် လူ ပုဂ္ဂိုလ်တို့၏ အတ္ထုပ္ပတ္တိများအား ရေးသားနိုင်သော ဆရာများအား လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။
စာမျက်နှာ
178
ပုံစံ
Paperback
ထုတ်ဝေသူ
ဆုပြည့်စုံထွန်းစာပေ
ထုတ်ဝေသည့်နှစ်
2019
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
21 × 14 cm
ISBN
978-9-997-18252-4
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး, ထေရုပ္ပတ္တိ