
ဗုဒ္ဓဘာသာသံဃာ့ဂိုဏ်းကွဲများနှင့်ဂိုဏ်ကြီး ၉ ဂိုဏ်း
စာရေးသူ - မာမက(သုတေသီ)
အကျဉ်းချုပ်
ဘက်ပေါင်းစုံ ကြည်ညိုဖွယ်ဂုဏ်ဆောင်သော ရှေးဆရာတော် အများအပြားရှိနေခဲ့ရာ ထိုဆရာတော်အားလုံး၏ အတ္ထုပ္ပတ္တိ များကို ရှာဖွေတင်ပြပါလျှင် ဆုံးနိုင်ဖွယ်ရှိမည် မဟုတ်ပေ။ ထို့ကြောင့် ထိုဆရာမကြီး၏ အာသီသဆန္ဒလည်း ပြည့်ဝစေ၊ အများတကာ သိသင့် သိထိုက်သော ဂိုဏ်းကြီး ၉ ဂိုဏ်းကို ဦးဆောင်တည်ထောင်မူခဲ့ကြသော ဆရာတော်တို့၏ အတ္ထုပ္ပတ္တိနှင့် ဂိုဏ်းဖြစ်ပေါ်လာပုံ အကြောင်းအရာများ လည်း ပြီးမြောက်စေ။ သဘောဖြင့် “ဂိုဏ်းကြီး ၉ ဂိုဏ်း” အကြောင်းအရာ များကို ဦးစားပေးရေးပြီး စာစောင်များတွင် ထည့်သွင်းဖော်ပြခဲ့ရာ၊ ဂိုဏ်း အချို့ (အနည်းအကျဉ်း) သာ ဆက်လက်ဖော်ပြရန် ကျန်ရှိနေသေးသည်။ ယခု ဤစာအုပ်တွင် ယင်းဖော်ပြပြီးဂိုဏ်းများနှင့်တကွ ဖော်ပြ ရန်ကျန်ရှိနေသေးသော ဂိုဏ်းများကိုပါ ပေါင်းစပ်၍ ဖော်ပြထားခြင်း ဖြစ်သည်။ ၄င်းအပြင် ရှေးက စာစောင်အသီးသီးတွင် ဖော်ပြခဲ့ပြီးသော ရှေးဟောင်းဂိုဏ်းကွဲများ၏ အကြောင်းအရာများကိုပါ ပေါင်းစပ် ဖော်ပြ လိုက်ပါသည်။ ဤသို့ ဖော်ပြရာတွင် “ပြည့်စုံမှု, မပြည့်စုံမှု”ဟူသောအချက် ပေါ် ထွက်နိုင်ပါသည်။ “ပြည့်စုံမှုမရှိကြောင်း” တွေ့ရှိပါက “စာရေးသူ၏ လေ့လာ မှု အားနည်းခြင်း” ဟု ခံယူပါသည်။
စာမျက်နှာ
192
ပုံစံ
Paperback
ထုတ်ဝေသူ
ပန်းရွှေပြည်စာအုပ်တိုက်
ထုတ်ဝေသည့်နှစ်
2015
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
19 × 13 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး