
အမှောင်ကြားက ဗမာပြည် အနီးခေတ်ဗမာပြည် နိုင်ငံရေး လှုပ်ရှားမှုသမိုင်းအကျဉ်း (၁၉၄၈-၂၀၀၀)
စာရေးသူ - ဝင်းတင့်ထွန်း
အကျဉ်းချုပ်
၂ဝ ရာစု ဗမာပြည်သမိုင်းကို အကြမ်းဖျင်းကြည့်လိုက်မယ်ဆိုရင် –
၁၉ဝ၁ ခုနှစ်မှ ၁၉၄၇ ခုနှစ်အထိဟာ ကိုလိုနီခေတ်ဗမာပြည်သမိုင်း၊
- ၁၉၄၈ ခုနှစ်မှ ၂ဝဝဝ ပြည့်နှစ်အထိဟာ လွတ်လပ်ရေးကြေညာပြီးခေတ် ဗမာပြည်သမိုင်း၊ တနည်းအားဖြင့် မျက်မှောက်ခေတ် အနီးခေတ် ဗမာပြည်သမိုင်းလို့ ပြောရပါလိမ့်မယ်။
ကိုလိုနီခေတ် ဗမာပြည်သမိုင်းဟာ “ကျွန်ခေတ်ဗမာပြည်သမိုင်း”လို့ ပြောရမှာဖြစ်သလို၊ လွတ်လပ် ရေးကြေညာပြီးခေတ် ဗမာပြည်သမိုင်းဟာလည်း “အမှောင်ခေတ် ဗမာပြည်သမိုင်း” လို့ပဲ ထပ်ဆင့်ဖွင့်ဆိုရမှာ ဖြစ်ပါတယ်။
အခုဖော်ပြမယ့် သမိုင်းဟာ “အမှောင်ခေတ်ဗမာပြည်သမိုင်း” ဖြစ်ပါတယ်။ အမှောင်ခေတ် ဗမာပြည် သမိုင်းဟာ အမှောင်ထဲကဗမာပြည်အကြောင်းပဲဖြစ်ပါတယ်။ အမှောင်ခေတ် ဗမာပြည်သမိုင်းကို ပြန်လည် ကြည့်လိုက်တဲ့အခါ –
ဗမာပြည်လွတ်လပ်ရေးကို စတင်ကြေညာလိုက်တဲ့ ၁၉၄၈ ခုနှစ်ကနေ၊ ၁၉၅၈ ခုနှစ်အထိ ဖဆပလ (၁ဝ)နှစ် ဆယ်မိုးခေတ်၊