
ယထာဘူတ
စာရေးသူ - ဒဂုန်ဦးစန်းငွေ
အကျဉ်းချုပ်
နိဗ္ဗာန်ကို ဦးတည်ပြီး တရားရှာသောသူတိုင်း ပထမဆုံး လေ့လာသင့်သည့် ဉာဏ်သုံးပါးဖြစ်သော ယထာဘူတဉာဏ်၊ နိဗ္ဗိန္ဒဉာဏ်နှင့် မဂ်ဉာဏ်တို့အနက် ဟုတ်တိုင်းမှန်စွာသိသည့်ဉာဏ် (ယထာဘူတဉာဏ်) နှင့်ပတ်သက်၍ မိတ်ဆက် တင်ပြထားသော စာအုပ်ဖြစ်သည်။ ဝိပဿနာဆိုင်ရာ အလေ့အကျင့်များကို နိဒါန်းပျိုး ဖော်ပြထားသည်။ ယောဂီတို့၏သန္တာန်တွင် မည်သည့်စိတ် ပေါ်သည်ဖြစ်စေ၊ ပေါ်သည့်စိတ်ပေါ်ရှေ့ စိတ်ကို နောက်ဉာဏ်က ရှုပေးရန်ဖြစ်သည်။ ပေါ်လာသည့်စိတ်သည် ကောင်း သည့်စိတ်ဖြစ်စေ၊ မကောင်းသည့်စိတ်ဖြစ်စေ နောက်ဉာဏ်က ရှုပေးခြင်းဖြင့် ရှေ့စိတ်ပျောက်ပြီး နောက်ဉာဏ်ပေါ်သည့်အတွက် အပျက်ကိုသာ တွေ့ရမည်။ 'ယထာ'က ဟုတ်တိုင်းမှန်စွာ၊ ‘ဘူတ'က ရှိတာ။ ဟုတ်တိုင်းမှန်စွာ ရှိတာကို ရှုပေး လျှင် ဟုတ်တိုင်းမှန်စွာ ရှိတာက ရှေ့ဓမ္မက ချုပ်သွားသည်ကို နောက်ဓမ္မက ချုပ် သွားသည်ဟု သိခြင်းဖြစ်သည်။ ဟုတ်တိုင်းမှန်စွာ သိသည့်ဉာဏ်သည် အပျက်ကိုသာမြင်သည့်အတွက် သဗ္ဗေ သင်္ခါရာ အနိစ္စာ၊ တစ်ကိုယ်လုံး အနိစ္စဆိုသော ထိုအပျက်ကိုသာ တွေ့ရမည်ဟု သရုပ်ခွဲ တင်ပြထားသည်။
စာမျက်နှာ
134
ပုံစံ
Paperback
ထုတ်ဝေသူ
Myanmar Heritage
ထုတ်ဝေသည့်နှစ်
2025
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
22 × 14..3 cm
ISBN
978-9-998-65145-6
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး