
စာသငိသားတို့၏ ဘဝနှင့် အားမာန် (၂)
စာရေးသူ - အရှင်ရေဝတ
အကျဉ်းချုပ်
စာရေးသူတို့အား ပရိယတ္တိပညာအမွေပေးခဲ့သော ဆရာတော် ကြီးများ၏ သြဝါဒများသည် ဘဝတစ်သက်စာ နှလုံးသားဝယ် သံမှိုစွဲ ဆေးမင်ထိုးထားသည့်နှယ် စွဲထင်လျက် ရှိသည်။ ““ငါ့ရှင်တို့၊ သာသနာတော်မှာ ပျော်အောင်နေကြ၊ လူ့ဘောင် ကြီးကို ယောင်လို့တောင် စိတ်မကူးကြနဲ့၊ မလည်ကြနဲ့၊ စိတ်ဒုက္ခ ကိုယ်ဒုက္ခ သိပ်များတယ်။ လူထွက်သွားကြတဲ့ ကိုယ်တော်တွေရဲ့ အဖြစ်ကို ကြည့်ပြီးတော့ သံဝေဂပွားကြ၊ သင်ခန်းစာယူကြကွဲ့””ဟု ဆရာတော်ကြီးတစ်ပါးက သံဝေဂကထာအဖြစ် မိန့်ကြားတော်မူဖူး သည်။ ““လူထွက်ရဟန်း၊ နန်းကျဘုရင်၊ ပင်စင်ငြိမ်းစား၊ ယောက်ျား လူထူး ဤသုံးဦးကား၊ စပ်ကူး မပ်ကူး မလွယ်ဘူးတည့်။”” ဟု ရှေးဆိုစကားလည်း ရှိခဲ့ဖူးသည်။ နေရေး ထိုင်ရေး စားသောက်ရေးခက်ခဲသူများဟုဆိုပါသည်။ မျက်မြင်သာဓကအားဖြင့် တစ်ရာရာခိုင်နှုန်းတွင် ကိုးဆယ်ရာခိုင်နှုန်း ခန့် မှန်ကန်နေသည်ကို တွေ့ရသည်။ မြတ်သောချမ်းသာ ရအောင်ရှာ ဆောင်းပါးမှ ... .
စာမျက်နှာ
142
ပုံစံ
Paperback
ထုတ်ဝေသူ
ပျိုးခင်းစာပေ
ထုတ်ဝေသည့်နှစ်
2019
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
21 × 13.1 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး