
အလင်းပြ ဓမ္မပဒ (ပထမတွဲ)
စာရေးသူ - မင်းနန်(မော်ကျွန်း)
အကျဉ်းချုပ်
ဓမ္မပဒကျမ်းစာတော်လာ ‘တရားဒေသနာတော်များ”၊ “ဝတ္ထုဇာတ်လမ်းများ၊ ဇာတ်လမ်းပါ ဇာတ်ကောင်တို့၏ စရိုက်သဘာဝများ”မှ ကျွန်တော် အလေးအနက် သက်ဝင် ဆင်ခြင်မိသော ဓမ္မအသိများ၊ လိုက်နာကျင့်သုံးစရာများ၊ ရှောင်ကြဉ်အပ်သော စိတ်နေ စိတ်ထားနှင့် အမူအကျင့်များ၊ ဆင်ခြင်တုံတရားများတို့ကို ချစ်ခင်လေးစားရသော စာဖတ်သူ တို့အား လက်ဆင့်ကမ်း မျှဝေပြောပြလိုသော ဦးတည်ရည်ရွယ်ချက်ဖြင့် ဤစာအုပ်ကို အချိန်ယူ၍ ပြုစုရေးသားခဲ့ခြင်း ဖြစ်ပါ၏။ ဤဓမ္မပဒဆောင်းပါးများကို အပတ်စဉ် ပင်တိုင်ဆောင်းပါး”အဖြစ် နေရာပေး ဖော်ပြပေးခဲ့သော နေလဂမ္ဘီရဂျာနယ်”၏ အယ်ဒီတာချုပ် ဆရာနွယ်ဦးလှိုင်ကို လည်း ကောင်း၊ ကျွန်တော်၏ စာမူများကို အပြင်အဆင်ကောင်းကောင်းဖြင့် စီစဉ်ထုတ်လုပ်ပေး သော ဦးဉာဏ်အောင် (အလင်းသစ်စာပေ) ကို လည်းကောင်း၊ ကျွန်တော် ရေးသားခဲ့သော စာအုပ်များ (၄၃) အုပ်မြောက်အထိ ဝယ်ယူအားပေးဖတ်ရှုကြသော၊ ကျွန်တော် ချစ်ခင် လေးစားသော စာဖတ်ပရိသတ်များကို လည်းကောင်း ကျေးဇူးစကားကို အလေးအနက် ပြောဆိုပါကြောင်း ဖော်ပြအပ်ပါသည်။ မင်းနန် (မော်ကျွန်း)
စာမျက်နှာ
604
ပုံစံ
Paperback
ထုတ်ဝေသူ
အလင်းသစ်စာပေ
ထုတ်ဝေသည့်နှစ်
2025
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
23.5 × 16 cm
ISBN
9782007002805
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး