
ရာဇိန္ဒ ရာဇဝရ မဏ္ဍနီ မည်သော မုံရွေးမဟာရာဇဝင်ကျော်
စာရေးသူ - ဘဝရှင်ဆရာတော်
အကျဉ်းချုပ်
ထိုကျမ်းနောက်တွင် တခမ်းတနား ရေးသားထားခဲ့သော ရာဇဝင်ကျမ်းမှာ စဉ့်ကိုင်သူဌေးသား ဦးကုလား ပြုစုသည့် မဟာရာဇဝင်ကြီး-၃တွဲ ဖြစ်သည်။ အလွန် ပြည့်စုံသည်။ ခမ်းနားထည်ဝါသည်။ ရေးသားခြင်းရည်ရွယ်ချက် ကောင်းသည်။ ရာဇဝင်ဆရာ၏ စေတနာကိုလည်း တွေ့ရသည်။ ထို့ကြောင့် ရာဇဝင်ကျမ်းများသမိုင်းကို ရေးလျှင် ဦးကုလားကို ထိပ်တင် ရေးသားကြရသည်။ ထူးခြားသည်က ဦးကုလားသည် မည်သူတစ်စုံတစ်ဦး၏ တိုက်တွန်းချက်ကြောင့်မှ ရေးသားပြုစုခဲ့သည် မဟုတ်ဘဲ၊ မှူးမတ် အမှုထမ်းလည်း မဟုတ်ပါဘဲ ထိုမျှ ပြီးပြည့်စုံအောင် ရေးသားနိုင်သည်မှာ အံ့သြလောက်ရပေသည်။ ဝါသနာအထုံနှင့် စေတနာကြီးလွန်းသဖြင့်သာ ရေးသားနိုင်ခဲ့ခြင်း ဖြစ်သည်။ ကုန်းဘောင်ခေတ်ဦး အလောင်းမင်းတရားလက်ထက်တွင် ရာဇဝင်ကျမ်း ၂ ကျမ်း ပေါ်လာခဲ့သည်။ သို့သော် “ရာဇဝင်ကျမ်း”ဟူ၍ကား ပီပီပြင်ပြင်ဆိုနိုင်ရန် ခဲယဉ်းပေသည်။ ယင်း ၂ ကျမ်းမှာ အလောင်းမင်းတရားကြီးအရေးတော်ပုံ နှင့် လောကဗျူဟာကျမ်းတို့ပင် ဖြစ်ပါသည်။ ယင်းကျမ်း ၂ စောင်ကို အနည်းငယ် ရှင်းပြပါဦးမည်။
စာမျက်နှာ
440
ပုံစံ
Hardcover
ထုတ်ဝေသူ
ပန်းရွှေပြည်စာအုပ်တိုက်
ထုတ်ဝေသည့်နှစ်
2013
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
26.5 × 19 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
သမိုင်း
အမျိုးအစားခွဲများ
မြန်မာ့သမိုင်း