
မြနန်းစံကျော် ရွှေနန်းတော်လမ်းညွှန်
စာရေးသူ - ဝင်းမောင် (တမ္ပဝတီ)
အကျဉ်းချုပ်
၁၉၈၉ ခုနှစ်၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ လက်ထက်တွင် မြနန်းစံကျော် ရွှေနန်း တော်ကြီးကို ရှေးမူမပျက် ပြန်လည် တည်ဆောက်ခဲ့ပါသည်။ ထိုသို့တည်ဆောက်ရာတွင် သမိုင်းအထောက်အထား မှတ်တမ်းများ လေ့လာပြုစုခြင်း၊ ပြန်လည်တည်ဆောက်ရန် စီစဉ်ခြင်းတို့အပါအဝင် မြနန်းစံကျော် ရွှေနန်းတော်ကြီး ပန္နက်ပုံစံနှင့် ပုံစံပါအဆောက် အအုံ တစ်ခုချင်းစီ၏ အသေးစိတ် အချက်အလက်များ၊ မှတ်တမ်းများကို ဖော်ပြထား သည်။ ထို့ပြင် မြနန်းစံကျော် နန်းဆောင်တော်များ၊ အရှေ့ပိုင်း မင်းခမ်းတော်အဆောင်များ၊ မိဖုရားဆောင်များနှင့် သမီးတော်အဆောင်များ၊ အနောက်ပိုင်း မင်းခမ်းတော်ဆောင်များ၊ မြနန်းစံကျော် ရွှေနန်းတော်ကြီး၏ ပန္နက်ပုံစံနှင့် ပုံစံပါ အဆောက်အအုံများအညွှန်းများ ကို ဖော်ပြထားသည်။ ဤစာအုပ်ကို ယင်းခဲထိပ်တင်မင်းသားကြီး၏ ကိုယ်တိုင်ရေးသားချက်များကို အဓိက မူတည်၍ ဝက်မစွပ် ဝန်ထောက်မင်း၏မှတ်တမ်းများ၊ ရွှေပြည်ဦးဘတင်၏ မှတ်စုများပါ စုပေါင်းပါဝင်စေလျက် ပြုစုရေးသားထားသည်။ လိုအပ်သည့်နေရာများတွင် ရုပ်ပုံ၊ ဓာတ်ပုံ များဖြင့် ဖော်ပြထားသည်။
စာမျက်နှာ
84
ပုံစံ
Paperback
ထုတ်ဝေသူ
Myanmar Heritage
ထုတ်ဝေသည့်နှစ်
2025
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
24.5 × 17.5 cm
ISBN
978-9-998-65174-6
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
သမိုင်း
အမျိုးအစားခွဲများ
မြန်မာ့သမိုင်း