
မြန်မာ့သမိုင်းပုံ
စာရေးသူ - ဒေါက်တာသန်းထွန်း
အကျဉ်းချုပ်
အက္ခရာတင် (စာနဲ့ချရေးတာ) မကြာသေးဘူး။ အဲဒီအခါမှာ သဘာဝယုတ္တိ မတန်တာတွေ၊ ပုံပြင်သက်သက်ပြောတာတွေ ဖြုတ်ပစ်သင့်ပေမဲ့ မဖြုတ်ဘူး၊ ဖြည့်သင့်တာလည်း မဖြည့်ဘူး။ ပုံပြင်နဲ့သမိုင်း ခွဲမရအောင် တွဲနေတယ်လို့ပဲ ထားလိုက်တယ်။ စာသင်ကျောင်းတွေမှာ ဆရာနဲ့ တပည့်တွေပါ အဖြစ်အပျက်အမှန်နဲ့ ပုံပြင်ကို မခွဲတတ်အောင် ရှိနေတယ်။ ရှေးအဖြစ်အပျက်ကို ပြောပြနိုင်တဲ့ သက်သေအထောက်အထားတွေကို မြေထဲက တူးဖော်ရရှိနိုင်တယ်။ ကျောက်စာမော်ကွန်းတွေကို ဖတ်ပြီး အကျိုးအကြောင်းဆက်လိုက်ရင် သမိုင်းဖြစ်မယ်။ အကြောင်းနဲ့အကျိုးစပ်ပြီး ဝေဖန်ရေးသားမယ်ဆိုရင် မြန်မာသမိုင်း အစစ်အမှန်ကို ရမယ်။ ရှင်မဟာသီလဝံသ ၁၅၂ဝ မှာရေးခဲ့တဲ့ ရှေးရာဇဝင်ကျော်၊ ဦးကုလား ၁၇၂ဝ မှာရေးခဲ့တဲ့ ရာဇဝင်ကြီး၊ ဘုရင်စစ်ကိုင်းမင်း အမိန့်တော်နဲ့ ၁၈၂၉ မှာ ရေးခဲ့တဲ့ မှန်နန်းရာဇဝင်တို့မှာ ပါတာတွေနဲ့ လုံးဝမပတ်သက်တဲ့ သမိုင်းတစ်မျိုးကို အရုပ်နဲ့ပြတယ်။ မရှောင်သာလို့ စာနဲ့ရှင်းတယ်။ အခု မြန်မာနိုင်ငံမှာ သမိုင်းသုတေသနတွေ နည်းနည်း ဖွံ့ဖြိုးတိုးပွားနေပြီ။ အခု ပုံနှိပ်ဖြန့်ဝေတဲ့ မြန်မာသမိုင်းပုံ ကို ငါ့မြေးအရွယ် ကျောင်းသားငယ်တွေ ဖတ်ကြည့်ပြီး အမှားနဲ့အမှန်ကို ခွဲခြားနိုင်ပါလိမ့်မယ်။
စာမျက်နှာ
191
ပုံစံ
Paperback
ထုတ်ဝေသူ
စိတ်ကူးချိုချို
ထုတ်ဝေသည့်နှစ်
2024
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
21 × 14.5 cm
ISBN
978-9-997-13390-8
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
သမိုင်း
အမျိုးအစားခွဲများ
မြန်မာ့သမိုင်း