
ကလေးစိတ်ပညာ
စာရေးသူ - ဒေါက်တာအောင် (ဆေး - ၂)
အကျဉ်းချုပ်
ဤစာအုပ်သည် ကလေးများမွေးစမှ လူပျိုဖော်/အပျိုဖော်ဝင်စကာလအစောပိုင်းအထိလက်တွေ့အသုံးချနိုင်သည့် ခေတ်မီပြီးပြည့်စုံသော ကလေးစိတ်ပညာအကြောင်း မိတ်ဆက်နိဒါန်း ဖြစ်သည်။ ကလေးများ မွေးကင်းစအရွယ်မှစတင်ကာ မိဘ သို့မဟုတ် အုပ်ထိန်းသူနှင့် စိတ်ချင်းဆက်နွှယ်မှု၊ နီးစပ်မှုအဆင့်များသည် မည်မျှနီးစပ်ဆက်နွှယ်နေသည်အပေါ် မူတည်၍ မိမိကိုယ်ကို နားလည်မှု ဖြစ်ပေါ်လာခြင်းအကြောင်း တွေးခေါ်တင်ပြထားသည်။ ဘာသာစကားနှင့် ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း အပါအဝင် ကလေးဘဝသင်ယူမှုများကို လေ့လာရာတွင် ရုပ်ပိုင်းဆိုင်ရာ၊ ဇီဝနည်းဆိုင်ရာနှင့် လူမှုဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များတွင် မည်မျှဖွံ့ဖြိုးပြီး အဆင့်မြင့် ရှုပ်ထွေးသော လုပ်ငန်းစဉ်များဖြစ်သည့် နှုတ်ထွက်စကားနှင့် စိတ်နေစိတ်ထားဖြစ်ပေါ်လာမှုကို လေ့လာသုံးသပ်တင်ပြထားသည်။ အိမ်၊ ကျောင်း၊ ရွယ်တူအပေါင်းအသင်းများနှင့် ပိုမိုကျယ်ဝန်းသော ကလေး၏အနီးပတ်ဝန်းကျင်ထံမှ သင်ယူမှုများက ကလေးအား မည်သို့ပုံသွင်းသည်ကို သရုပ်ပြရာတွင် ကလေးဘဝ သူငယ်ချင်း၊ ညီအစ်ကို မောင်နှမများနှင့် ပေါင်းသင်းဆက်ဆံရေးက စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွင် အရေးပါကြောင်း တင်ပြထားသည်။
စာမျက်နှာ
180
ပုံစံ
Paperback
ထုတ်ဝေသူ
သားငယ်စာပေ
ထုတ်ဝေသည့်နှစ်
2025
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
14 × 21 cm
ISBN
978-9-997-18335-4
ပစ္စည်းလက်ကျန်
ကုန်နေပါပြီ
အမျိုးအစား
သုတ
အမျိုးအစားခွဲများ
သုတ, ကလေးများအတွက်ဗဟုသုတ, ကလေးစိတ်ပညာ