
အနုပညာ ဝေယျာဝစ္စ
စာရေးသူ - ငြိမ်းမင်း
အကျဉ်းချုပ်
ဒီစာအုပ်မှာ ဖော်ပြထားတဲ့ ဆောင်းပါးတွေဟာ ၁၉၈၄ ကစပြီး ၂၀၁၀ အထိ ရေးခဲ့တာတွေပါ။ ခုနှစ်အစဉ်လိုက်ဖော်ပြထားတာမဟုတ်ဘဲ ဖတ်လို့ အဆင်ပြေအောင် စီစဉ်ပေးထားပါတယ်။ ဒီဆောင်းပါးတွေကို ဖော်ပြပေးခဲ့တဲ့ ဂျာနယ်၊ မဂ္ဂဇင်းတွေကို ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် ကျွန်တော်ပြော ချင်တဲ့ စကားတွေ ရင်ဘတ်အပြင်ဘက် ထွက်ကျလာအောင် အင်တာဗျူးပေး ခဲ့တဲ့ အယ်ဒီတာတွေကိုလည်း တခုတ်တရ ကျေးဇူးတင်ကြောင်းပြောပါရစေ။ ဆောင်းပါးဟောင်းတွေကို အစအဆုံး ကွန်ပျူတာ ပြန်စီပေးခဲ့တဲ့ ချစ်တပည့် မျိုးမင်းထွေး၊ မျက်နှာဖုံးပန်းချီကို အသုံးပြုခွင့်ပေးတဲ့ ဦးမောင် (ပန်းပညာရှင်များ အစည်းအရုံးဥက္ကဋ္ဌ ဦးမောင်မောင်လှမြင့်)နဲ့ ကျွန်တော့်ရဲ့ ဇီဇာကြောင်မှုတွေကို နားလည်ခွင့်လွှတ်ရင်း စိတ်ရှည်စွာ သရုပ်ဖော်ပေးတဲ့ စိတ်ကူးချိုချိုရဲ့ တကယ်ချိုတဲ့ စိတ်ကူးတွေကို အထူးကျေးဇူးတင်ပါတယ်။ အထူးသဖြင့် ကျေးဇူးတင်ရမှာကတော့.. “ခေတ်ချင်းမတူရင် ခံစားချက်ချင်း မတူနိုင်ပါဘူးဆိုတဲ့ ဒီစာဖတ် မယ့် လူငယ်တွေကိုပါ" ငြိမ်းမင်း
စာမျက်နှာ
172
ပုံစံ
Paperback
ထုတ်ဝေသူ
စိတ်ကူးချိုချို
ထုတ်ဝေသည့်နှစ်
2016
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
20.6 × 13 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
Art
အမျိုးအစားခွဲများ
အနုပညာစာပေ