
ဗိုလ်ချုပ်အောင်ဆန်း အတ္တုပ္ပတ္တိ (အလင်္ကာကျော်စွာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း-တည်းဖြတ်သည်။)
စာရေးသူ - သခင်ကိုယ်တော်မှိူင်း
အကျဉ်းချုပ်
ဤစာအုပ်မှာ ၁၉၅၁ ခုနှစ် (ဗိုလ်ချုပ်ကွယ်လွန်ပြီး ၄ နှစ် ကျော်ကြာပြီးနောက်) တွင် ဗိုလ်ချုပ်ကိုယ်တိုင် ရေးခဲ့သော အတ္ထုပ္ပတ္တိစာမူအချို့နှင့် ဗိုလ်ချုပ်၏လုပ်ဖော်ကိုင်ဖက်များက ဝိုင်း ဝန်းရေးသားပေးကြသော စာမူများအား စုစည်းလျက် ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ကြီးကြပ်ပြင်ဆင်တည်းဖြတ်၍ ဗိုလ်ချုပ် စာကြည့်ပိဋကတ်တိုက် ဦးစီးဥက္ကဋ္ဌ ဗိုလ်သိမ်းဆွေအား မူပိုင် အဖြစ်လွှဲအပ်ကာ ရရှိသောအကျိုးအမြတ်ကို ဗိုလ်ချုပ်စာကြည့် တိုက် ရန်ပုံငွေအဖြစ် အသုံးပြုရန် လှူဒါန်းခဲ့ကြသော စာအုပ်ဖြစ်ပါ သည်။
ယခုအခါ မူပိုင်ရှင်အဖြစ် တာဝန်ယူခဲ့သော ဗိုလ်သိမ်းဆွေ လည်း ကွယ်လွန်ခဲ့ပြီဖြစ်ပြီး ဗိုလ်ချုပ်စာကြည့်တိုက်မှာလည်း မရှိတော့ပါ။ သို့သော်လည်း စာအုပ်ပါအချက်အလက်များ၊ စာမူ များမှာ တိမ်မြုပ်ပျောက်ကွယ်ရန် မသင့်သဖြင့် ပါဝင်ရေးသားခဲ့သူ များနှင့် တည်းဖြတ်သူ ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့၏ ဆွေမျိုးသားချင်းများနှင့် ညှိနှိုင်းခွင့်ပြုချက်တောင်းခံလျက် ပြန် လည်ရိုက်နှိပ်ရန် အခွင့်အခါလည်းကြုံသဖြင့် ဒုတိယအကြိမ် စီစဉ် ထုတ်ဝေရခြင်း ဖြစ်ပါသည်။
စာမျက်နှာ
387
ပုံစံ
Paperback
ထုတ်ဝေသူ
စိတ်ကူးချိုချို
ထုတ်ဝေသည့်နှစ်
2011
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
22 × 14.2 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
အတ္ထုပတ္တိ
အမျိုးအစားခွဲများ
မြန်မာ့သမိုင်း