
မြန်မာစာစကားဝိုင်း (၈)
စာရေးသူ - မောင်ခင်မင် (ဓနုဖြူ)
အကျဉ်းချုပ်
ဘာသာစကားနှင့်စာပေသည် အပြန်အလှန်အထောက်အပံ့ပြုနေသော နယ်ပယ် ၂ ရပ်ဖြစ်သည်။ ဘာသာစကားကို အကြောင်းပြု၍ စာပေဖွံ့ဖြိုး လာရသလို စာပေကိုအကြောင်းပြု၍ ဘာသာစကားဖွံ့ဖြိုးလာရသည်။ မြန်မာ ဘာသာစကားနှင့် မြန်မာစာပေသည်လည်း ထိုသဘော သဘာဝအတိုင်း အပြန်အလှန် အထောက်အကူ ပြုနေပါသည်။ ထိုသဘောကို 'ဘာသာစာပေ ပေါင်းကူး' ဆောင်းပါးများတွင် ဆွေးနွေးထားပါသည်။မြန်မာနိုင်ငံတွင် ဗုဒ္ဓသာသနာထွန်းကားမှုကို အကြောင်းပြု၍ ပါဠိဘာသာစကားသည် မြန်မာနိုင်ငံတွင် အရေးပါသော ဘာသာစကားဖြစ် လာသည်။ မြန်မာဘာသာစကား မြန်မာစာပေဖွံ့ဖြိုးမှုအတွက် ပါဠိဘာသာ စကား ပါဠိစာပေ(ဗုဒ္ဓစာပေ)တို့က ခေတ်အဆက်ဆက်တွင် များစွာကျေးဇူး ပြုခဲ့သည်။ မြန်မာဘာသာစာပေနှင့် ပါဠိဘာသာစာပေတို့ ဆက်နွှယ်မှုကို ‘မြန်မာစာနှင့်ပါဠိ’ ဆောင်းပါးများတွင် ဆွေးနွေးထားပါသည်။ ယခင် မြန်မာစာစကားဝိုင်း စာစုများကဲ့သို့ပင် စကားဝိုင်းဖွဲ့၍ ပေါ့ပေါ့ပါးပါး ဆွေးနွေးဟန်ဖြင့် ရေးသားထားပါသည်။ ဤစာစုကို စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေပေးသော မြန်မာနိုင်ငံ တိုင်းရင်းသားဘာသာစကားဦးစီးဌာနကို ကျေးဇူးတင်ပါသည်။
စာမျက်နှာ
296
ပုံစံ
Paperback
ထုတ်ဝေသူ
မြန်မာစာဌာန
ထုတ်ဝေသည့်နှစ်
2023
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
20.5 × 14 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
မြန်မာစာပေ
အမျိုးအစားခွဲများ
မြန်မာစာပေ, သုတ