
စစ်ထွက်စာဆိုများ
စာရေးသူ - ဟံသာဝတီဦးဘရင်
အကျဉ်းချုပ်
အဖိုးတန်ရတနာ ကဗျာစာပေ တို့ကိုလည်း လက်လှမ်းမီခဲ့ကြသော သူတို့က အဆင့်ဆင့် အားဖြင့် မှတ်တမ်းတင်ခဲ့ကြသည်မှာလည်း အများအပြားပင် ရှိခဲ့ရာ၊ ဤသည်တို့ကို လေ့လာဆည်းပူးကြရကုန်သော နောင်လာနောင်သားတို့၌ ဗဟုသုတပ္ပားကာ မြန်မာယဉ်ကျေး မှုကို ရရှိကြသဖြင့် ကမ္ဘာပေါ်၌ ထင်ရှားသော လူမျိုးထဲတွင် မားမားမတ်မတ် ရပ်တည်နိုင်ပေ၏။ ထိုသို့သော အကြောင်းများကိုထောက်၍ မြန်မာ့ ယဉ်ကျေးမှု ရတု၊ ကဗျာ၊ လင်္ကာ၊ မော်ကွန်း စသဖြင့် များစွာ ပင်ရှိရာမှ မိမိတို့၏အသက်ကိုစွန့်၍ စစ်ထွက်နေရာက အလင်္ကာဂုဏ်မြောက်ကာ ပညာရှိတို့၏ စိတ်နှလုံးကို ယူကျုံး ဘိသကဲ့သို့ သီကုံးရေးသားနိုင်သော ဤစစ်ထွက်စာဆို စာအုပ်၌ ပါရှိသည့် ရတုများမှာ နောင်လာနောင်သားတို့ မှတ်သားလိုက်နာ လေ့လာဆောင်ရွက်နိုင်ရန် အကောင်းဆုံး ရတုကဗျာများဟု ထင်မှတ်သည့်အတိုင်း စာကိုယ်အချို့နှင့် အချို့ တောက်လျှောက် အက်ဆစ်အ အဖြေတို့ကိုလည်းကောင်း ရဲရဲတောက်စာဆိုကြီးများတို့၏ အတ္ထုပ္ပတ္တိတို့ကိုလ လည်း ကောင်း ထည့်သွင်းဖော်ပြရခြင်း ဖြစ်ပေ၏။
စာမျက်နှာ
280
ပုံစံ
-
ထုတ်ဝေသူ
စိတ်ကူးချိုချို
ထုတ်ဝေသည့်နှစ်
2019
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
-
ISBN
9789997114235
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
သမိုင်း
အမျိုးအစားခွဲများ
မြန်မာ့သမိုင်း