
တစ်စိမ့်စိမ့်တွေးမယ်သိစရာတွေးစရာ
စာရေးသူ - ဆရာတော်ဦးဇောတိက
အကျဉ်းချုပ်
သိစရာ တွေးစရာ စာအုပ်မှ အမှာစာအတွေးတွေက ကမ္ဘာကြီးကို အုပ်စိုးတယ်။လောကကြီးကို အတွေးတွေက စိုးမိုးတယ်။စိတ်ကူးတွေရှိကြတယ်။အယူအဆ အတွေးအခေါ်တွေမှာ သူတို့အသက်နဲ့ သူတို့ ရှိပါတယ်။အယူအဆ အတွေးအခေါ်တွေမှာ အသက်ရှိပါတယ်။ အတွေး အခေါ် အယူအဆ တစ်ခုဟာ လူတစ်ယောက်က ပြောလိုက်လို့ဖြစ်စေ၊ ရေးလိုက်လို့ဖြစ်စေ တခြားလူတစ်ယောက်က ဖတ်လိုက်ရလို့ ကြားလိုက် ရလို့ သူ့စိတ်ထဲကို ရောက်သွားရင် စိတ်ထဲမှာ အမြစ်တွယ်မယ်၊ ပွါးမယ်။ အဲဒီလူရဲ့ နေပုံထိုင်ပုံ၊ လုပ်ပုံကိုင်ပုံ၊ ပြောပုံဆိုပုံကို လွှမ်းမိုးမယ်။ သူက အဲဒီအယူအဆကို တစ်ဆင့် ပြောမယ်၊ ဆွေးနွေးမယ်။ အဲဒီလိုနဲ့ ဒီအယူအဆဟာ တဖြည်းဖြည်း ပြန့်နှံ့ သွားနေမယ်။ ဘယ်လေက်ထိ ပြန့်နှံ့မယ်ဆိုတာ ကန့်သတ်ပြီး ပြောလို့ မရဘူး။ဒီအယူအဆက လူများစုရဲ့ စိတ်ထဲကို ရောက်သွားရင် မရဘူးဆ လူများစုရဲ့ နေပုံထိုင်ပုံ ပြောပုံဆိုပုံ တွေးခေါ်ပုံတွေကို လွှမ်းမိုးမယ်။ မှန်ကန်တဲ့ အယူအဆ အတွေးအခေါ် ဖြစ်ရင်တော့ လူအများ ချမ်းသာမယ်၊ လောကကြီး တိုးတက်မယ်၊ မှားယွင်းတဲ့ အယူအဆ ဖြစ်နေရင်တော့ လူအများ ဒုက္ခရောက်မယ်၊ လောကကြီး ဆုတ်ယုတ် မယ်။တိုတိုနဲ့လိုရင်း ရေးထားတဲ့ ဒီစာပိုဒ်တွေရဲ့ အဓိပ္ပါယ်ကို တစ်ခါဖတ်ရုံနဲ့ သဘောပေါက်ချင်မှ ပေါက်မယ်။
စာမျက်နှာ
147
ပုံစံ
Paperback
ထုတ်ဝေသူ
ရေတံခွန်စာပေ
ထုတ်ဝေသည့်နှစ်
2006
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
19 × 13 cm
ISBN
-
ပစ္စည်းလက်ကျန်
ကုန်နေပါပြီ
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး