
ဓမ္မာစရိယမျက်ရှု
စာရေးသူ - အရှင်ဂုဏိဿရ
အကျဉ်းချုပ်
တစ်ပြည်လုံးနှင့်ပတ်သက်သော စာမေးပွဲတိုင်း၌ ပါဠိတော်, အဋ္ဌကထာ, ဋီကာများ၌လည်း မတွေ့နိုင်သော ဆရာအစဉ်အဆက် သုံးစွဲရိုးလည်းမရှိသော မိမိတစ်ဦးတည်းသာ နားလည်နိုင်သော ဝေါဟာရအသုံးများ သုံးစွဲခြင်းမှ ရှောင်သင့်ပါသည်။ ဓမ္မာစရိယစာမေးပွဲ, ပါဠိပထမပြန်စာမေးပွဲများကို နိုင်ငံ တော်အစိုးရက ပရိယတ္တိသာသနာ ထွန်းကားစေရန် ရည်သန်၍ ကျင်းပပေးနေ သဖြင့် မေးခွန်းများမှာလည်း “ပရိယတ္တိ သာသနာထွန်းကားစေရန်”ဟူသော ရည်ရွယ်ချက်နှင့် လျော်ညီစေသင့်ပါသည်။ ဤ “ဓမ္မာစရိယမျက်ရှ”ကျမ်းစာသည် ပရိယတ္တိသာသနာ ထွန်းကားရေး အတွက် ဖြည့်စွက်ကူညီရန် ပေါ်ထွက်လာခဲ့ပေပြီ၊ ကျမ်းစာရှင်သည် ဗဟုဿုတ စုံလင်ပြည့်ဝ၍ ၁၈-နှစ်ကျော်ကျော် စာချသက်ရှိပြီး ယခုလည်း စာချနေဆဲဖြစ် သည့် စာချအကျော်တစ်ဦးဖြစ်သဖြင့် ဓမ္မာစရိယစာမေးပွဲနှင့် မကင်းနိုင်ကြသော စာချ. စာသင် အရှင်မြတ်များအဖို့ အမြဲလက်စွဲပြုလျက် ကြည့်ရှုထိုက်သော “မျက်ရှုကျမ်းစာတစ်စောင်” ဖြစ်ကြောင်း စာရှုသူများအား မှာကြားလိုက်ပါရစေ။ ပန်းတိုင်းပွင့်၍ ပွင့်သောပန်းတိုင်း မွှေးကြပါစေ။
စာမျက်နှာ
535
ပုံစံ
Paperback
ထုတ်ဝေသူ
ဗုဒ္ဓစာပေထိန်းသိမ်းပြန့်ပွားရေးအဖွဲ့
ထုတ်ဝေသည့်နှစ်
2024
ထုတ်ဝေမူ
14th Edition
စာအုပ်အရွယ်အစား
25 × 18 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး