
ဒေဝဒတ်နှင့် အဇာတသတ်
စာရေးသူ - ဒဂုန်ဦးစန်းငွေ
အကျဉ်းချုပ်
ဤစာအုပ်သည် မဟာဗုဒ္ဓဝင်လာ ဇာတ်တော်များထဲမှ အဇာတသတ်မင်းနှင့် ဒေဝဒတ် ရဟန်းတို့၏ ဖြစ်ရပ်ကို နိဿယရှုထောင့်၊ ငါးရာ့ငါးဆယ်ရှုထောင့်၊ ဓမ္မပဒရှုထောင့်မှ မကြည့်ဘဲ ရာဇဝင်ဝတ္ထုထောင့်မှ ကြည့်မြင်ပြီး ဝတ္ထုသွားသဖွယ် ဖော်ပြထားသော စာအုပ် ဖြစ်သည်။ သာကီဝင်မင်းမျိုးဖြစ်သော ဒေဝဒတ်မင်းသားအနေဖြင့် ဗုဒ္ဓဘုရားရှင်သည် သူ၏ ယောက်ဖတော်ဖြစ်ပြီး ဘုရားရှင်ကို အမှီပြု ရဟန်းပြုခဲ့ပုံ၊ လာဘ်လာဘနှင့် ဘုရားဖြစ်လို သော သူ၏ဆန္ဒကို ရှေ့တန်းတင်ပြီး အဇာတသတ်မင်းကို စည်းရုံးကာ ဘုရားသခင်ကို လုပ်ကြံရန် အမျိုးမျိုး ကြံစည်အားထုတ်ခဲ့ပုံ၊ အဇာတသတ်မင်းမှာလည်း ဒေဝဒတ်၏ စည်းရုံးသိမ်းသွင်းခံရပုံ၊ ဘုရားသခင်ကို လုပ်ကြံရာတွင်လည်း ဒေဝဒတ်နှင့် ကြံရာပါဖြစ်ခဲ့ပုံ၊ ဖခင်အရင်းခေါက်ခေါက်ကိုပင် အသက် ဆုံးပါးသွားစေသည်အထိ ထောင်သွင်း အကျဉ်းချထားပြီး အမျိုးမျိုးဒုက္ခပေးခဲ့ပုံ၊ ရာဇဝင်တွင် အဖသတ်သားအဖြစ် တွင်ခဲ့ပုံ၊ သို့သော် ပါရမီအခံရှိသဖြင့် အမြင်မှန်ရပြီး ဗုဒ္ဓကို အလုပ်အကျွေးပြုသူ ဖြစ်လာပုံ၊ အဖသတ်သား ဖြစ်သည့်အတွက် သောတာပန် ဖြစ်နိုင်သည့် အခွင့်အရေး လက်လွှတ်ခဲ့ရပုံများကို ဖွဲ့ဆိုတင်ပြထားသည်။
စာမျက်နှာ
211
ပုံစံ
Paperback
ထုတ်ဝေသူ
Myanmar Heritage
ထုတ်ဝေသည့်နှစ်
2022
ထုတ်ဝေမူ
3rd Edition
စာအုပ်အရွယ်အစား
22 × 14.5 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး