
ပဌာနဗောဓိ
စာရေးသူ - အရှင်ဂုဏိဿရ
အကျဉ်းချုပ်
နည်းစနစ်များနှင့်တကွ ခက်ခဲသည့် သဘာဂ, ဃဋနာ, ဒုကာဒိသင်္ချာများကို ရန်ကုန်မြို့ ကံဘဲ့ မဟာဗောဓိကျောင်းတိုက်၌ ပဓာနတာဝန်ခံစာချအဖြစ်ဖြင့် နှစ်စဉ်ပို့ချတိုင်း ကျေးဇူးရှင်ဒသမရွှေကျင်သာသနာပိုင် မြောင်းမြဆရာတော်ဘုရားကြီး၏ “ဒီလိုချ၊ ဒီလိုပြော၊ ဒီလိုရှင်း”စသည့် ညွှန်ကြားချက်များဖြင့် ရှင်းလင်းထား၏၊ ပန်းကုံးကျမ်းပြုဆရာတော်၏ နည်းပေး ချက်များဖြင့်လည်း ဖြည့်စွက်မွမ်းမံထား၏၊ မိမိတို့ ပဋ္ဌာန်းစသင်ယူစဉ် ဆရာတော်၏ စာမူတုန်းကပင် အရကျက်ခဲ့ ရသော အချို့ဆောင်ပုဒ်များကို ထည့်သွင်းထား ပါသည်။ ထိုသို့ ရှင်းလင်းရာ၌ စာဟန်ဖြင့်မဟုတ်ဘဲ စကားပြောဟန်, ပို့ချဟန်ဖြင့် ရေးသား ရှင်းလင်းထားပါသည်၊ ဤရှင်းလင်းချက်များကား နှစ်ပေါင်း နှစ်ဆယ်ကျော် ပို့ချပြီး၍ မိမိကိုယ်တွေ့ လက်တွေ့အလုပ်မှ သဘောတရားကို ထုတ်ယူပြီး သဘာဝကို ပြန်လည်သုံးသပ်ထားခြင်း ဖြစ်ပါသည်။ ဤသုံးသပ်ချက်များ၌ တိမ်းပါးချွတ်ချော် ပညာရှိတို့ဉာဏ်အား မလျော်သော အချက်များ တွေ့ရှိခဲ့ ပါသော် ကရုဏာရှေ့တင် မေတ္တာရေစင်ဖြင့် သန့်စင်သုံးသပ် နိုင်ကြပါစေ။ [ဤစာအုပ်ပါ ရှင်းလင်းချက်တို့တွင် ဃဋနာရှင်းလင်းချက်မျှကို ၁၃၃၇-ခုနှစ်က စာအုပ်ငယ်လေး ပုံနှိပ်ပြုလုပ်ကာ ဓမ္မဒါနပြုခဲ့ ဖူးပါသည်။]
စာမျက်နှာ
355
ပုံစံ
Paperback
ထုတ်ဝေသူ
ဗုဒ္ဓစာပေထိန်းသိမ်းပြန့်ပွားရေးအဖွဲ့
ထုတ်ဝေသည့်နှစ်
2018
ထုတ်ဝေမူ
3rd Edition
စာအုပ်အရွယ်အစား
24.5 × 17.5 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး