
သာသနာ့ဝန်ဆောင် ဝတ်ရွတ်စဉ်
စာရေးသူ - အရှင်စန္ဒသိရီ
အကျဉ်းချုပ်
သာသနာ့ဝန်ဆောင် ဝတ်ရွတ်စဉ် အမျှဝေ-စသည်တို့ စနစ်တကျရှိစေရန် လွန်ခဲ့သော နှစ်အတန်ကြာ ကပင် လိုအပ်သော အနက်အဓိပ္ပါယ်များကိုပါ ထည့်သွင်း၍ ဘုရား ရှိခိုး ဝတ်ရွတ်စဉ်စာမူကို စီစဉ်ပြီးဖြစ်သော်လည်း အကြောင်းမညီ ညွတ်သောကြောင့် ပုံနှိပ်စာအုပ်အဖြစ် မရောက်ရှိခဲ့ပါ။ သံဃာတော် အပါး ၂ဝ-ကျော်ဖြင့် စတင်တည်ထောင်ခဲ့သော သာသနာ့ဝန်ဆောင်ကျောင်းတိုက်၌ ယခုအခါ သံဃာတော်အပါး ၂ဝဝ-ကျော်လာပြီဖြစ်ရာ သံဃာအများစု ဟိုဟိုသည်သည် ရှာဖွေ ကြည့်ရှု ကျက်မှတ်ရခြင်းမှ ကင်းဝေးစေလိုခြင်း, အဖြတ်အရပ်, ပုဒ် ပါဌ် မှန်ကန်စွာ စနစ်တစ်ကျ ဖြစ်စေလိုခြင်း-စသော အကြောင်းများ ကြောင့် ရွတ်ဖတ်ပူဇော်နေကျ အစီအစဉ်တွင် အမြဲအသုံးပြုနေ သော ဥပုသ်ပြုပရိကမ်, ပဝါရဏာပြုပရိကမ်နှင့်တကွ ကထိနကံ, ပရိဝါသာဒိကံ, ဥပသမ္ပဒကံဆောင်ပုံ၊ သင်္ကန်း, သပိတ်အဓိဋ္ဌာန် တင်ပုံ, ဥပဇ္ဈာယ်ယူပုံ, နိဿယည်း ယူပုံ-စသည်တို့ကိုပါ ထည့်သွင်း လျက် မူတစ်ခု သတ်မှတ်သည့်အနေဖြင့် စီစဉ်ပေးလိုက်ရပါသည်။ (တတိယအကြိမ် ရိုက်နှိပ်ရာ၌ ပြင်ဆင်ချက်, ဖြည့်စွက်ချက်များ ပါဝင်ပါသည်။)
စာမျက်နှာ
261
ပုံစံ
Paperback
ထုတ်ဝေသူ
ဗုဒ္ဓစာပေထိန်းသိမ်းပြန့်ပွားရေးအဖွဲ့
ထုတ်ဝေသည့်နှစ်
2022
ထုတ်ဝေမူ
4th Edition
စာအုပ်အရွယ်အစား
20.4 × 14 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး