
အဘိဓာန်ပညာနိဒါန်း
စာရေးသူ - မောင်ခင်မင် (ဓနုဖြူ)
အကျဉ်းချုပ်
ဤစာအုပ်ပါ အခန်းများမှ မူလက အတွေးအမြင် မဂ္ဂဇင်းတွင် ကျွန်တော် လစဉ် ရေးသားသော အခန်းဆက် ဆောင်းပါးများ ဖြစ်သည်။ ဆောင်းပါးများကို စာအုပ်အဖြစ် စုစည်းရာတွင် အဆက်အစပ် အဆင် ပြေအောင်၊ စကားရှေ့နောက် ညီညွတ်အောင် အားထုတ်ထားပါသည်။ မြန်မာမှု ပြုထားသော ပညာရပ်ဝေါဟာရများကို စာကိုယ်တွင် စာလုံး မည်းဖြင့် ဖော်ပြပြီး ထိုဝေါဟာရများကို မူရင်း အင်္ဂလိပ်ဝေါဟာရများ နှင့် ယှဉ်တွဲ၍ စာအုပ် အဆုံးတွင် ဝေါဟာရအညွှန်း (မြန်မာ-အင်္ဂလိပ်) အဖြစ် ဖော်ပြထားပါသည်။ ဤစာအုပ်ငယ်သည် အဘိဓာန်ပညာကို စိတ်ဝင်စားသူများ၊ ဝေါ ဟာရများ၏ အနက်အဓိပ္ပာယ် သက်ရောက်ပုံများကို စိတ်ဝင်စားသူများ အား ဆက်လက်လေ့လာရန် လမ်းစ ဖော်ပေးနိုင်လိမ့်မည်ဟု မျှော်လင့် ပါသည်။ ဤဆောင်းပါးများကို စတင် ထည့်သွင်း ဖော်ပြသော အတွေးအမြင် မဂ္ဂဇင်းနှင့် စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေပေးသော The Key Collection ကို ကျေးဇူးတင်ပါသည်။ မောင်ခင်မင် (ဓနုဖြူ)
စာမျက်နှာ
113
ပုံစံ
Paperback
ထုတ်ဝေသူ
The Key Collection
ထုတ်ဝေသည့်နှစ်
2016
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
21 × 13.5 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
မြန်မာစာပေ
အမျိုးအစားခွဲများ
အဘိဓာန်