
ဘာသာဗေဒနိဒါန်း
စာရေးသူ - မောင်ခင်မင် (ဓနုဖြူ)
အကျဉ်းချုပ်
စာအုပ်တွင် အခန်း ၁၄ ခန်းပါဝင်ပြီး အခန်းတစ်ခန်းစီတွင် ဆက်လက်လေ့လာ ရန် အညွှန်း” ကို ဖော်ပြထားပါသည်။ စာညွှန်းမှ မြန်မာလို ရေးသားသော စာအုပ် စာတမ်းများကို ဆက်လက်လေ့လာဖြစ်စေရန်လည်း ရည်ရွယ်ပါသည်။ ထိုမှတစ်ဆင့် အင်္ဂလိပ်လို ရေးထားသော စာအုပ်များကို ဆက်လက်လေ့လာခြင်းဖြင့် ဘာသာဗေဒ ပညာရပ်ခွဲများကို အနက်အရှိုင်း ဆက်လက်လေ့လာနိုင်ရန်အတွက် လမ်းခင်းပေးမည့် အသိအမြင်များ တိုးပွားစေမည် ဖြစ်ပါသည်။ ဤစာအုပ်သည် ဘာသာဗေဒ ပညာရပ် ကို လေ့လာသင်ယူနေသူများတွင် ရှိအပ်သည့် အခြေခံသဘောတရား အသိအမြင်များ ကို ပေးစွမ်းနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။ ဤစာအုပ်တွင် မြန်မာမှုပြုထားသော ပညာရပ်ဝေါဟာရများနှင့် အသံလှယ်ထား သော လူပုဂ္ဂိုလ်အမည်များ၊ ဘာသာစကားအမည်များ နေရာဒေသအမည်များကို စာလုံးမည်းဖြင့် ပြပြီး မြန်မာဝေါဟာရနှင့် အင်္ဂလိပ်ဝေါဟာရယှဉ်တွဲကာ ဝေါဟာရ အညွှန်းကို နောက်ဆွဲတွဲများတွင် ဖော်ပြထားပါသည်။ ဤစာအုပ်ကို ဂရုတစိုက် ပုံနှိပ်ပေးသော ကိုစိုင်းစိုင်း (the key collection) ကို ကျေးဇူးတင်ကြောင်း ဖော်ပြအပ်ပါသည်။ မောင်ခင်မင် (ဓနုဖြူ) ၅ ဇူလိုင် ၂ဝ၂ဝ
စာမျက်နှာ
311
ပုံစံ
Paperback
ထုတ်ဝေသူ
The Key Collection
ထုတ်ဝေသည့်နှစ်
2025
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
23 × 15.5 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
မြန်မာစာပေ
အမျိုးအစားခွဲများ
ဘာသာစကား