
ရသစာပေ အဖွင့်နှင့် နိဒါန်း
စာရေးသူ - ဆရာဇော်ဂျီ
အကျဉ်းချုပ်
“ရသစာပေအဖွင့်’ကို ရန်ကုန်မြို့ ရသစာပေတိုက်က ၁၉၆၂ ခုနှစ်တွင် စတင်ရိုက်နှိပ်ထုတ်ဝေခဲ့ပြီး ‘ရသစာပေနိဒါန်း’ကိုမူ ၁၉၆၆ ခုနှစ်တွင် မန္တလေးမြို့ ကမ္ဘာ့ခေတ်စာပေက ရိုက်နှိပ်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် ကျောင်းသူ ကျောင်းသားနှင့် စာဖတ်ပရိသတ်များ၏ လက်စွဲပြုလေ့လာရာဖြစ်ခဲ့ပြီး
ရသစာပေတိုက်ကပင် ရွှေအိုးစာပေတိုက်အမည်ဖြင့် “ရသစာပေ အဖွင့်နှင့် နိဒါန်း’ ဟု နှစ်တွဲပေါင်း ပုံနှိပ်ကာ ၁၉ရ၆ တွင် ချင်းတွင်းစာအုပ်တိုက်မှ ဖြန့်ချိခဲ့ပါသည်။ ထိုမူတွင် ယခင် ရသစာပေအဖွင့်တွင်ပါသော
ဆော့ခရတ္တိ အကြောင်းအရာကို ထည့်သွင်းခြင်း ပြုမထားပါ။ ယင်းမှာ ကျမ်းတစ်စောင်အဖြစ် ပလေးတိုး နိဒါန်းဟု ပြည့်ပြည့်စုံစုံ ရေးသားတင်ပြထားပြီးဖြစ်ပါသည်။
“မြန်မာကာလပေါ်ဝတ္ထုဖြစ်ပေါ်လာပုံ လေ့လာချက်စာတမ်း’ကိုမူ ဖြည့်စွက်ထည့်သွင်းဖော်ပြခဲ့ပါသည်။
စာမျက်နှာ
408
ပုံစံ
Paperback
ထုတ်ဝေသူ
စိတ်ကူးချိုချို
ထုတ်ဝေသည့်နှစ်
2024
ထုတ်ဝေမူ
3rd Edition
စာအုပ်အရွယ်အစား
22 × 14.8 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
literature
အမျိုးအစားခွဲများ
မြန်မာစာပေ