
သတိဆိုတဲ့နေအိမ်
စာရေးသူ - ဆရာတော်ဦးဇောတိက
အကျဉ်းချုပ်
သတိဆိုတာ စိတ်ရဲ့နေအိမ်ပါပဲ။ သတိမရှိတဲ့စိတ်ဟာ အိမ်မရှိတဲ့လူလိုပဲ ခြေဦး တည့်ရာ လျှောက်သွားနေတတ်တယ်။ ကြံ့ရာမှာနေတတ်တယ်။ တည်ငြိမ်မှု၊ အေးချမ်းမှု၊ လုံခြုံမှု မရှိဘူး။ ဂုဏ်သိက္ခာ မရှိဘူး။“ ဗုဒ္ဓ၏ရင်ခွင်မှာ ” တရားဟာ ဆရာတော်ရဲ့တပည့်တစ်ယောက်က ရေးခဲ့တဲ့ စာအုပ်ထဲက အကြောင်းအရာကို အခြေခံပြီး ဟောခဲ့တဲ့ တရားဖြစ်ပါတယ်။ သူ့ဘဝမှာ အဆင်မပြေမှုတွေ ဒုက္ခတွေ အများကြီးရှိလျက်နဲ့ ငြိမ်းချမ်းအောင် နေနိုင်တဲ့ တပည့်အတွက် အားရလှပါတယ်။ အားလုံးအဆင်ပြေနေမှ စိတ်ချမ်းသာမယ်ဆိုရင်တော့ ဒီတစ်သက် စိတ်ချမ်းသာဖို့ မလွယ်တော့ဘူး။ အဆင်မပြေမှုတွေ ရှိနေပါလျက်နဲ့ စိတ်ချမ်းသာအောင်နေတတ်မှ တကယ်စိတ်ချမ်းသာအောင် နေတတ်တဲ့သူဖြစ်မယ်။ စိတ်ချမ်းသာအောင် နေတတ်ကြ ပါစေ။
စာမျက်နှာ
104
ပုံစံ
Paperback
ထုတ်ဝေသူ
ရေတံခွန်စာပေ
ထုတ်ဝေသည့်နှစ်
2007
ထုတ်ဝေမူ
3rd Edition
စာအုပ်အရွယ်အစား
19 × 13.2 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး