
မေတ္တာဖွင့်အကျယ်လက်စွဲကျမ်း
စာရေးသူ - ရွှေဟင်္သာတောရအဂ္ဂမဟာပဏ္ဍိတ စံတော်ကျောင်းဆရာတော်ကြီး
အကျဉ်းချုပ်
ဤကမ္ဘာ လောကဓာတ်ကြီးအတွင်း၌ တည်ရှိကြကုန်သော အမျိုးမျိုးသော လူသတ္တဝါတို့၏ ထွန်းကား ကြီးပွား ချမ်းသာခြင်းနှင့် ဆုတ်ယုတ်ပျက်ပြား ဆင်းရဲပင်ပန်းခြင်း၏ အကြောင်းရင်းမူကား “မေတ္တာ” ဟူသော ဗြဟ္မဝိဟာရတရား သည်သာလျှင်ဖြစ်သောကြောင့် မျိုးတူမျိုးခြားမဟူ ကြီးပွား ထွန်းကားချမ်းသာလိုသူ မှန်သမျှတို့သည် ထို ‘မေတ္တာ” ဟူသော ဗြဟ္မဝိဟာရတရားကို မိမိတို့၏သဏ္ဌာန်၌ ကိန်းအောင်းစေလျက် လိုက်နာကျင့်သုံး ဆောက်တည်ပွားများအပ်သည်၏ အဖြစ်ကို ပညာစက္ခုဖြင့် ကောင်းစွာ ကြည့်ရှုသိမြင်တော်မူသော (ညောင် တုန်းမြို့၊ ရွှေဟင်္သာတောရ သိရီမဟာ မင်္ဂလာရာမတိုက်၊ ကျေးဇူး ရှင် စံကျောင်း ဆရာတော်ဘုရားသည်) ထိုသို့သော ရှိသော ‘မေတ္တာ’ ဗြဟ္မဝိဟာရတရားကို ရှည်လျားစွာသော ကာလကပင် ကိုယ်တွင် နိစ္စဝတ်မပြတ်ထုံတော်မူခဲ့သည်နှင့်အညီ ဤမည်သော မျိုးတူမျိုးခြား လူအများတို့၏အကျိုးငှာ ယင်း ‘မေတ္တာ' ဗြဟ္မဝိဟာရတရား၏ သဘောအဓိပ္ပာယ် အကျယ်အပြားနှင့် တကွ ခံစားရမည့်အကျိုးတရားစသည်တို့ပါ စုံလင်ပြည့်ဝစွာ ဤ (‘မေတ္တာ' ဖွင့်အကျယ် လက်စွဲ) ကျမ်းကို ကြိုးပမ်းစီရင်တော် မူအပ်သည်ကို ထိုကျေးဇူးရှင် စံကျောင်းဆရာတော်ဘုရား၏ရည်ရွယ်တော်မူချက်အတိုင်းတိုသမ္မာဆန္ဒဖြင့်ပုံနှိပ်ဖြန့်ချိအပ်ပါသည်
စာမျက်နှာ
145
ပုံစံ
Paperback
ထုတ်ဝေသူ
SEIKKU CHO CHO
ထုတ်ဝေသည့်နှစ်
2019
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
21 × 14.2 cm
ISBN
978-9-997-11496-9
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး