
လရဲ့အောက်ဘက် မိုင်အဝေးမှာ...
စာရေးသူ - ဂျူး
အကျဉ်းချုပ်
"လရဲ့အောက်ဘက် မိုင်အဝေးမှာ" ဝတ္ထုသည် မိသားစုဝင်များကြားရှိ နားလည်မှုလွဲမှားမှုများ၊ လျှို့ဝှက်ချက်များနှင့် သံယောဇဉ်အရှုပ်အထွေးများကို အဓိကထားပုံဖော်ထားသည့် လက်ရာတစ်ခု ဖြစ်သည်။ ဇာတ်လမ်းသည် အသက် (၁၈) နှစ်အရွယ် သိဒ္ဓိနှင့် ၎င်း၏ညီဖြစ်သူ ဒီပါတို့၏ မိခင်ဖြစ်သူ ဒေါ်ခင်သန့်စင်ထံသို့ ရဲစခန်းမှ ဖုန်းဆက်လာပြီး ရေခဲတိုက်သို့ အလောင်းလာကြည့်ရန် အကြောင်းကြားရာမှ စတင်ထားသည်။ အိမ်မှထွက်ပြေးသွားသော ညီဖြစ်သူ ဒီပါ၏ အလောင်းဖြစ်မည်ကို စိုးရိမ်တုန်လှုပ်စွာဖြင့် သွားရောက်ကြည့်ရှုကြသော်လည်း သေဆုံးသူမှာ ဒီပါမဟုတ်ကြောင်း သိလိုက်ရသည့်အခါမှ စိတ်သက်သာရာရသွားကြသော်လည်း ထိုဖြစ်ရပ်သည် မိသားစုအတွင်းက ကွဲအက်နေသော ဆက်ဆံရေးများကို ပိုမိုထင်ရှားစေခဲ့သည်။ ဝတ္ထု၏ ဒုတိယပိုင်းတွင် ညီဖြစ်သူ ဒီပါ အိမ်မှထွက်ပြေးရခြင်း၏ အကြောင်းရင်းခံများနှင့် သိဒ္ဓိကိုယ်တိုင် ရင်ဆိုင်နေရသော စိတ်ပိုင်းဆိုင်ရာ ပဋိပက္ခများကို ဖော်ပြထားသည်။ မိခင်ဖြစ်သူအပေါ် ထားရှိသော သားနှစ်ယောက်၏ မတူညီသော အမြင်များ၊ ဖခင်ဖြစ်သူနှင့် ပတ်သက်သည့် လျှို့ဝှက်ချက်များမှာ ဇာတ်လမ်းတစ်လျှောက် စိတ်ဝင်စားဖွယ် ဖြန့်ကျက်ထားသည်။ အထူးသဖြင့် မိသားစုတစ်ခုအတွင်း နက်ရှိုင်းစွာ အမြစ်တွယ်နေသော ဝေဒနာများနှင့် တစ်ဦးအပေါ်တစ်ဦး နားလည်ခွင့်လွှတ်နိုင်ရန် ကြိုးစားရပုံများကို ဂျူး၏ ထူးခြားသော အရေးအသားဖြင့် ရင်နင့်ဖွယ် ပုံဖော်ထားသည့် ဝတ္ထုကောင်းတစ်ပုဒ် ဖြစ်သည်။
"လူငယ်ကလေးတစ်ယောက်ရဲ့ ဦးခေါင်းထဲမှာ ပြောင်းပြန်စီးဆင်းတဲ့ မြစ်တစ်စင်းရှိတယ်"
စာမျက်နှာ
297
ပုံစံ
Paperback
ထုတ်ဝေသူ
ဂျူးစာပေ
ထုတ်ဝေသည့်နှစ်
2018
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
13 × 21 cm
ISBN
942-5-121-81220-1
ပစ္စည်းလက်ကျန်
ကုန်နေပါပြီ
အမျိုးအစား
ရသ
အမျိုးအစားခွဲများ