
ဘဝ၏အဆင့်အတန်းသဘောထားကြီးပါတယ်
စာရေးသူ - ဆရာတော်ဦးဇောတိက
အကျဉ်းချုပ်
လူတိုင်း အဆင့်အတန်း မြင့်ချင်ကြပါတယ်။ အဆင့်အတန်း မြင့်တဲ့သူကို လူတွေက ပိုပြီးလေးစားကြတယ်။ အဆင့်အတန်းဆိုတာကို အင်မတန် စိတ်ဝင်စားကြတယ်။ သူ့အဆင့်အတန်းက ဘယ်လောက် ကိုယ့်အဆင့်အတန်းက ဘယ်လောက်ဆိုပြီး တွေးတတ်တယ်။ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံတဲ့ အခါမှာ အဆင့်အတန်းကို ကြည့်ပြီး ဆက်ဆံကြတယ်။ အဆင့်အတန်း နိမ့်နေရင် လေးလေးစားစား မဆက်ဆံဘူး။ ဒါပေမဲ့ စဉ်းစားစရာကောင်းတာက အဆင့်အတန်းဆိုတာကို ဘာနဲ့တိုင်းတာသလဲ။ ငွေ၊ ဘွဲ့ထူး၊ ရာထူးနဲ့ တိုင်းမှာလား။ စိတ်နေသဘောထား၊ အသိဉာဏ်၊ အကျင့်စာရိတ္တနဲ့ တိုင်းတာမှာလား။အားလုံးကို အဆင့်အတန်းမြင့်တဲ့သူတွေ ဖြစ်စေချင်ပါတယ်။ အဆင့်အတန်းဆိုတာနဲ့ ပတ်သက်ပြီးတော့ ဆရာတော် တွေးမိသမျှကို ပြောပြ လိုက်ပါတယ်။ စာဖတ်သူရဲ့အမြင်နဲ့ မတူတာလည်း ပါမယ်၊ တူတာလည်း ပါမယ်။ အဓိကအချက်က လေးလေးနက်နက် စဉ်းစားဖို့ပါပဲ။ စိတ်နေသဘောထားနဲ့ အသိဉာဏ် အဆင့်အတန်း မြင့်မားလာလေလေသဘောထားကြီးလာလေလေ ဖြစ်လာတာဟာ သဘာဝဖြစ်ပါတယ်။ သဘေားထားကြီးလာလေလေကိုယ်နဲ့ အယူအဆအတွေးအခေါ်မတူတဲ့ သူတွေကို လေးစားနိုင်လေလေ ဖြစ်လာတယ်။သဘောထားကြီးတဲ့သူဟာ ဆက်ဆံရေပိုပြီးအဆင်ပြေတယ်။စိတ်လည်းပိုပြီးအေးချမ်းတယ်။ ဒါကြောင့်စိတ်အေးချမ်းချင်ရင် ခွင့်လွှတ်နိုင်ပါတယ်။
စာမျက်နှာ
108
ပုံစံ
Paperback
ထုတ်ဝေသူ
ရေတံခွန်စာပေ
ထုတ်ဝေသည့်နှစ်
2008
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
18.5 × 13 cm
ISBN
-
ပစ္စည်းလက်ကျန်
ကုန်နေပါပြီ
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး