
ကောင်းကြီးလူ့ဘောင်
စာရေးသူ - ဘသန်း-ဓမ္မိက
အကျဉ်းချုပ်
ဗုဒ္ဓဓမ္မသည် လူတိုင်း လူတိုင်းကို ရည်ရွယ်၍ ဟောထားတော်မူခဲ့သော တရား ဖြစ်၍ လူ့လောကတခုလုံးနှင့် သက်ဆိုင်၏။ ဗုဒ္ဓဘာသာဝင်များအတွက် သက်သက် တမျိုး၊ အခြားဘာသာဝင်များအတွက် သက်သက် တလီ၊ လူဝတ် ကြောင်ဆင်များအတွက် သက်သက် တထွေ၊ ရဟန်းမိန်းမ၊ ရဟန်းယောက်ျားများ အတွက် သက်သက်တမူ ခွဲခြားပိုင်းဖြတ်ခြင်း မပြု။ “လူ၏ အကျင့် ဖြစ်စေ၊ ရဟန်း ၏အကျင့် ဖြစ်စေ မှန်သောအကျင့်ကို ငါဘုရား ချီးမွမ်း၏။ လူ ဖြစ်စေ၊ ရဟန်း ဖြစ်စေ ကောင်းစွာကျင့်သည်ရှိသော် ကောင်းစွာ ကျင့်ခြင်း ဟူသော အကြောင်း ကြောင့် အသင့်အားဖြင့် ဖြစ်သော (အရိယာမဂ်) ကုသိုလ်တရားကို ပြီးစေနိုင်၏”」 ဟု ဘုရားဟော ရှိ၏။ ရုပ်ခန္ဓာကို ဝတ်စားတန်ဆာ လှပစွာ ဝတ်ဆင်ထားသော် ငြားလည်း ကာယ စသည်တို့ဖြင့် ငြိမ်သက်စွာကျင့်မှု စသည်ကို ပြုနိုင်လျှင် စိတ် သည်ကား အမြင့်ဆုံး အထွတ်အထိပ်များသို့ တက်ရောက်နိုင်၏။ရှေ့ဆက်၍ ဆိုထားအပ်သည်မှာ တရားကျမ်းစာများကို ကျွန်တော် လေ့လာ ရာမှ ဘုန်းတော်ကြီးသခင် အရှင်မြတ်၏ ဒေသနာ ဓမ္မသည် ဝတ်ကြောင်ဆင် ကျား မ မဟူ၊ လူဟူသရွေ့အဖို့ ဝမ်းပန်းတသာ အရအမိ ယူထိုက်လှသော ဘဝ အခွင့်အရေးကြီး တရပ်ဖြစ်သည်ဟု ကျွန်တော် သဘောသကန် ထင်မြင်ရှင်းလင်း အရည်လည် တည့်ခြင်းသို့ရောက်ပုံ ဖြစ်ပါသည်။
စာမျက်နှာ
136
ပုံစံ
Paperback
ထုတ်ဝေသူ
တိုးမြစ်စာအုပ်တိုက်
ထုတ်ဝေသည့်နှစ်
2023
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
21 × 13.5 cm
ISBN
2609201901024
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး