
လက်ဖက်ရည်ဆိုင်
စာရေးသူ - မြသန်းတင့်
အကျဉ်းချုပ်
အမှန်ကတော့ တံဆိပ်က နွားနို့ပုံးကလေးကို ဆွဲထားတဲ့ နို့ညှစ်သမလေးရဲ့ပုံ။ ဟော်လန်က လုပ်တာ။ ကျွန်တော်တို့တောကတော့ ဟော်လန်သူရယ် ဘာရယ်လို့ သိတာမဟုတ်ဘူး။ နွားနို့ညှစ်သမလေးက ပုံးကလေးဆွဲလာတော့ ကုလားမခြင်းတောင်းလို့ လွယ်လွယ်ပဲ နားလည်သလို ခေါ်လိုက်ကြတာပဲ။ ကုလားမခြင်းတောင်း မရတော့ ကျွန်တော်တို့ နွားနို့နဲ့ဖျော်တယ်။ နွားနို့ကလည်း တောမှာဆိုတော့ အစစ်ရတယ်။ ရေရောစရာ မလိုဘူး။ တစ်ညလုံးကျိုထားရင် နို့က ပျစ်နှစ်ပြီး အဆီတက်နေတယ်။ မလိုင်တွေကို ဝေ့နေတာပဲ။ မလိုင်အတုအဖြစ် အာဒါလွတ်မှုန့် ထည့်စရာမလိုဘူး။ စစ်ပြီးခေတ်နောက်ပိုင်း တချို့မြို့က ဆိုင်တွေမှာလုပ်သလို ရေအိမ်သုံးတဲ့ စက္ကူကို ဆုတ်ဖြဲထည့်စရာ မလိုဘူး။ မုန့်ကလည်း စမူဆာတို့၊ ပလာတာတို့ လုပ်ရောင်းတယ်။ စားပွဲထိုးကတော့ ကျွန်တော်တို့တစ်တွေပေါ့။ တစ်ခါတလေ လုပ်ရတဲ့ အလုပ်မို့လို့လားမသိဘူး။ လက်ဖက်ရည်ဆိုင် စားပွဲထိုးလုပ်ရတာ တယ်ပြီးပျော်စရာကောင်းတာပဲ။ ကောင်မလေးတွေ လာသောက်ရင် သူ စားပွဲထိုးလုပ်မယ်။ ကိုယ်စားပွဲထိုးလုပ်မယ်လို့ ရာထူးတောင် လုနေရသေးတယ်။
စာမျက်နှာ
80
ပုံစံ
Paperback
ထုတ်ဝေသူ
စိတ်ကူးချိုချို
ထုတ်ဝေသည့်နှစ်
2019
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
16.6 × 10.2 cm
ISBN
9789997117731
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဝတ္ထု
အမျိုးအစားခွဲများ
သုတ၊ ရသ